Fact Check: သင်္ကြန်အကြိုနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဗုံးပေါက်ကွဲလို့ အများအပြားသေဆုံးဆိုတဲ့ သတင်းတု

နိုင်ငံ‌‌ရေး

သင်္ကြန်အကြိုနေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဗုံးပေါက်ကွဲလို့ သွေးချောင်းစီးခဲ့တယ်လို့ဆိုပြီး ယူကျူ့မှာ မျှဝေထားတဲ့ ဗွီဒီယိုဟာ သတင်းမှားတခုသာဖြစ်တယ်။ 

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၃ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း တ သိန်းကျော်ရရှိထားတယ်။

“ရန်ကုန် သင်္ကြန်အကြိုနေ့ သွေးချာင်းစီးပြီ 

မြို့တော်ခန်းမ မဏ္ဏပ် ဗုံးခွဲ့ခံရ ၊ ဘောမတွေ 

(၅၀၀၀)စားတွေ အကုန်သေကြပြီ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  အခုလို ရန်ကုန်မှာ သင်္ကြန်အကြိုနေ့ ဗုံးပေါက်ကွဲလို့ လူအများအပြား ထိခိုက်သေဆုံးတယ်လို့ ဆိုတဲ့ အကြောင်း အရာကို အချက်အလက်စိစစ်ကြည့်ရာမှာ သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲတပ်ဖြန့်ချိထားခြင်းဖြစ်တာတွေ့ရပါတယ်။ 

ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီက ဦးစီး ပြုလုပ်သော ရန်ကုန်တိုင်းသင်္ကြန်မဏ္ဍပ်များ စည်ကားရေး တစ်မြို့နယ်မှ လူအင်အား ၅၀ ပါသော ရေပက်ခံကားများ ထွက်ခိုင်းပြန်”ဆိုတဲ့ သတင်းနဲ့ အခြားသော တိုက်ပွဲသတင်းတွေကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်တယ်။

သုံးသပ်ချက်

သင်္ကြန်အကြိုနေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိတယ်ဆိုတဲ့ အထောက်အ ထားမရှိပါဘူး။ စစ်ကောင်စီက ရန်ကုန်တိုင်းသင်္ကြန်မဏ္ဍပ်များ စည်ကားရေး တမြို့နယ်ချင်းစီကနေ လူအင်အား ၅၀ ပါရေပက်ခံကား ထွက်ခိုင်းတဲ့အကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြချက်ကို လိုအပ် သလိုခေါင်းစဉ်တုတပ်ဖြန့်ဝေထားခြင်းဖြစ်တာတွေ့ရတယ်။

Avatar

Title:Fact Check: သင်္ကြန်အကြိုနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဗုံးပေါက်ကွဲလို့ အများအပြားသေဆုံးဆိုတဲ့ သတင်းတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *