Fact Check: လက်ရှိစစ်ခေါင်းဆောင်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေအနားပေးတဲ့ သတင်းမှား

Misleading နိုင်ငံရေး | Politics

လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက အာဏာပြန် သိမ်းပြီး အနားပေးလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်း‌ခေါင်းစဉ်လွဲနဲ့ သတင်းမှားဖြန့်ချိ နေခြင်းဖြစ်တယ်။ 

အောက်ပါစရင်ရှော့ခ်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။ 

 “သန်းရွှေ အာဏာပြန်သိမ်းဟု နေပြည်တော်မှာသတငိးထွက်နေ”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာ ရေးသား ထားသလို “မင်းအောင်လှိုင်အနား‌ပေးခံရ (၁၁)ရက်နေ့ ဦးသန်းရွှေ မွှေနေပြီ လုပ်ရည်ကိုင်ရည် မရှိဟုဝေဖန်” စသည်ဖြင့်လည်း ဗွီဒီယိုထဲမှာ ရေးသားမျှဝေထားရာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှု သိန်းဂဏန်းရှိပါတယ်။ တူညီတဲ့ ဗွီဒီယိုကို ယူကျူ့မှာ တင်ထားရာမှာလည်း ဝင်ရောက်ကြည့်ရှု့မှုပေါင်း ၂ သောင်းဝန်းကျင်ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link

အချက်အလက်စိစစ်ချက်

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ အရင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြုတ်ချလိုက်တဲ့အကြောင်းမပါဝင်ပါဘူး။ အခြားသော သတင်းလုပ်ငန်း အဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာလည်း ဒီလိုမျိုး သတင်းဖော်ပြချက်မတွေ့ရပါဘူး။ 

ဗွီဒီယိုထဲမှာပါတာတွေကတော့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းဆန္ဒပြမှုနဲ့ သက်ဆိုင်တဲ့ ဗွီဒီယိုရုပ်ကတ်၊ အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ ဓာတ်ပုံစတာတွေအသုံးပြုထားပြီး  လွတ်လပ်တဲ့အာရှအသံ၊ DVB သတင်းဌာန၊ ရန်ကုန်ခေတ်သစ်သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို မျှဝေနေခြင်းဖြစ် တာတွေ့ရပါတယ်။

ဗွီဒီယိုထဲပါအကြောင်းအရာဖြစ်တဲ့ DVB သတင်းဌာနကဖော်ပြခဲ့တဲ့ “တရုတ်အကျိုးစီးပွားနဲ့ တပ်တွင်းအားပြိုင်မှု ပြင်းထန်တော့မှာလား”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးမှာ တရုတ်အပါအဝင် အငြိမ်းစားယူသွားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက လက်ရှိအာဏာသိမ်းခေါင်းဆောင်ကို မကြိုက်ဘဲ ဒုတိယစစ်ခေါင်းဆောင်ကို စစ်တပ်အကြီးအကဲအဖြစ် ပိုမိုလိုလားနေတဲ့အကြောင်းအတွေးအမြင်ဖော်ပြချက်တစ်ချို့သာပါဝင်ပါတယ်။ 

သတင်းတု ဗွီဒီယိုရဲ့ သတင်းခေါင်းစဉ်မှာပြောထားသလို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖြတ်ချလိုက်တဲ့ အကြောင်းမပါဝင်ပါဘူး။

သုံးသပ်ချက်

လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အရင်အာဏာရှင်ဟောင်း ဦးသန်းရွှေက ဖြတ်ချ လိုက်တယ်ဆိုတဲ့ အထောက်အထားမရှိချိန်မှာ ဗွီဒီယိုပါအကြောင်းအရာဟာ DVB သတင်းဌာနကဖော်ပြခဲ့တဲ့ အတွေးအမြင်ဆောင်းပါးကို ခေါင်းစဉ်လွဲတပ်ဖြန့်ချိနေခြင်းဖြစ်တယ်။

ပြောဆိုချက်- လက်ရှိစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ဖြုတ်ချ

Avatar

Title:Fact Check: လက်ရှိစစ်ခေါင်းဆောင်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေအနားပေးတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *