Fact Check: CRPH၊ NUG တာဝန်ရှိသူတွေရဲ့ ဖက်ဒရယ်အရေး၊ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ပြောစကားအတုတွေ ပျံ့နှံ့

False နိုင်ငံရေး | Politics

CRPH၊ NUG တာဝန်ရှိသူတွေရဲ့ ဖက်ဒရယ်အရေး၊ တော်လှန်ရေးဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ ပြောစကားများ အဖြစ်ဖေ့စ်ဘွတ်မှာဖြန့်ဝေနေတဲ့ ပို့စ်အချို့ဟာ ကာယကံရှင်တွေက ပြောကြားခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားပြီး သတင်းတုဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ 

ပျံ့နှံ့နေတဲ့ ပို့စ်တွေမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUG ပြောခွင့်ရ ဦးနေဘုန်းလတ် တို့ရဲ့ ဖက်ဒရယ်အရေး၊ တော်လှန်ရေးနဲ့ပတ်သက်ပြီးပြောကြားချက်တွေပါဝင်ပြီး ဒီပြောဆိုချက်တွေဟာ အတုသာဖြစ်တယ်လို့ ကာယကံရှင်တွေက အတည်ပြုပါတယ်။

အောက်ပါ စခရင်ရွှတ်ကတော့ ဦးအောင်ကြည်ညွှန့်ပြောစကားများအဖြစ် ဖြန့်ဝေထားတဲ့ ပို့စ်တစ်ခုရဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဦးအောင်ကြည်ညွှန့် ဓာတ်ပုံနဲ့အတူ “ဗမာပြည်နယ်တွေ ဖက်ဒရယ်ဖွဲ့စည်းပုံတွေဆိုတာ အမေစုမပါဘဲ ကျွန်တော်တို့သဘောနဲ့ ဆုံးဖြတ်ချက်မချရဘူး အဲ့တော့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ချင်ရင်  တိုင်းရင်း သားအားလုံးက အမေစု ပြန်လွတ်လာအောင် စစ်တိုက်ပေး”လို့ရေးသား ဖြန့်ချိထားပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

နောက်ထပ်ပြောဆိုချက်ကတော့ ဦးအောင်ကြည်ညွှန့်က “စစ်အာဏာရှင်ပြုတ်ကြသွားရင် ကျနော်တို့ ဦးဆောင်အုပ်ချုပ်မည့် ဖက်ဒရယ်ပြည်ထောင်စုမှာ ၁၀ နှစ်လောက်အတူ နေကြည့်ပါ။ ၁၀ နှစ်ပြည့်လို့ ကြိုက်ရင် ဆက်နေပါ မကြိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့တဲ့ ကတိအတိုင်း ခွဲထွက်ချင်ထွက်နိုင်ပါတယ်”လို့ ရေးသားထားပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

ဒီပြောဆိုချက်တွေဟာ ကာယကံရှင်တွေပြောဆိုခဲ့ခြင်းမရှိဘဲ စစ်အုပ်စုက သွေးခွဲရေးဗျူဟာကို စနစ်တကျ ကျင့်သုံးပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြောခွင့်ရ ဦးနေဘုန်းလတ်တို့က သူရဲ့ လူမှုကွန်ယက်ကတစ်ဆင့် ပြန်လည်ရှင်းလင်းထားပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ ဒီရှင်းလင်းချက်ပို့စ်ကို  ဦးအောင်ကြည်ညွှန့်ကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကတစ်ဆင့် ထပ်မံမျှဝေခဲ့ပြီး စစ်တပ်ရဲ့ လုပ်နေကြ ကလိမ်ကကျစ် သွေးခွဲနည်းသာဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ဦးအောင်ကြည်ညွှန့်က ပြောဆိုခဲ့ခြင်းမရှိဘူးလို့ သူ့ရဲ့ စာမျက်နှာကတစ်ဆင့် ငြင်းဆိုထားသလို သူနဲ့ ပတ်သတ်ပြီးလည်း သတင်းတုဖြန့်ခံနေရကြောင်း ဖော်ပြထား ပါတယ်။(Archive link)

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဦးအောင်ကြည်ညွှန့်ရဲ့ ဖက်ဒရယ်အရေးနဲ့ပတ်သတ်တဲ့ပြောကြားချက်တွေဟာ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။

ပြောဆိုချက်- ဖက်ဒရယ်အရေးကို ဒေါ်အောင်ဆန်းစုကြည်ပဲဆုံးဖြတ်နိုင်မယ်လို့ CRPH ဥက္ကဌ ဦးအောင်ကြည် ညွှန့်ပြော

Avatar

Title:Fact Check: CRPH၊ NUG တာဝန်ရှိသူတွေရဲ့ ဖက်ဒရယ်အရေး၊ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ပြောစကားအတုတွေ ပျံ့နှံ့

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *