Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့် ပြန်လွတ်လာပြီဆိုတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့သမတကြီးဦးဝင်းမြင့်တို့ကို ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြန်လွတ်မြောက်လာပြီလို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်း ခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။

ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ဖေဖော်ဝါရီလ ၉ ရက် ၊ ညနေ ၉နာရီ သမ္မတဦးဝင်းမြင့်နဲ့ဒေါ်စုလွှတ်ရလာပြီ ၊ပျော်လွန်းလို့မျက်ရည်တေညင်ကျမိတယ်“လို့ စသည် ဖြင့် ရေးသားကာ “NGV”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ဒီနေရာဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

၂၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင် အဖွင့်မှာပါတဲ့ “ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ညနေ ၉ နာရီ၊ သမ္မတဦးဝင်းမြင့်နဲ့ဒေါ်စုလွှတ်ရလာပြီ”ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ 

အမှန်တကယ် အသံဖိုင်ထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေက အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ကျော် ဖြစ်ပွားခဲ့ပြီးစစ်သား ၇၀၀၀ကျော်သေဆုံး၊ မတူပီမြို့နယ်တွင်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးမှုများ ပြားကာ သေနတ် ၂ လက် သိမ်းဆည်းရမိ၊ ရေစကြိုနဲ့မန်စီမြို့နယ်တို့တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ ‌ရေဦး မြို့နယ်မှာလက်နက်ကြီးကျပေါက်ကွဲလို့ အမျိုးသမီး ၂ ဦးသေဆုံးဆိုတဲ့ အစရှိတဲ့ သတင်းဌာနအသီးသီးက ဖော်ပြခဲ့ပြီးတဲ့ သတင်းအကြောင်းအရာတွေကို ပြန်လည်ဖတ်ကြားနေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာ အာဏာသိမ်း စစ်ကောင်စီရဲ့တရားစွဲဆိုမှုကို ရင်ဆိုင်နေရဆဲဖြစ်ပြီး၊ အခုလို ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းမျိုး ကလည်း အကြိမ်ကြိမ်ပြန့်နေတဲ့ သတင်းသာဖြစ်ပါတယ်။

သုံးသပ်ချက်

“ဖေဖော်ဝါရီလ ၉ ရက် ၊ ညနေ ၉နာရီ ၊သမ္မတဦးဝင်းမြင့်နဲ့ဒေါ်စုလွှတ်ရလာပြီ” ဆိုတဲ့သတင်းဟာ လူစိတ်ဝင်စားမှုရရှိအောင်  သတင်းခေါင်းစဉ်တုနဲ့ မျှဝေနေခြင်းဖြစ်ပါတယ်။ တကယ်တော့ သတင်းမီဒီယာဌာနအချို့မှာ ဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြားပြနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့် ပြန်လွတ်လာပြီဆိုတဲ့ သတင်းမှား

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *