တန်ကြေးကြီးလို့ လေယာဉ်တွေကို ပစ်မချဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တောင်းပန်လိုက် တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သရော်စာပို့စ်တခုသာဖြစ်တယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။

“တပ်မတော်ရဲ့ တိုက်လေယဥ်တွေကို ပစ်မချကြဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်း မေတ္တာရပ်ခံ.. 😁😁

"ကချင်မှာ ဒီကနေ့ လားရိူးလေတပ်ကနေ တက်သွားတဲ့ Mi35P တစီး ပစ်အချခံရတယ် ဆိုတာတော့ ကျတော်အနေနဲ့ အတိအကျ မသိရသေးပါဘူး။ ဟုတ်ချင်မှလဲ ဟုတ်မှာပါ၊ ဒီလိုပဲ ဒေါ်လာစားမီဒီယာတွေက တပျမတောျသိက်ခါကအြောငျ ကောလဟာလတွေ တမင်ရည်ရွယ်ချက် ရှိရှိ လွှင့်နေကြတာပဲ ဖြစ်ပါလိမ့်မယ်" ဟု့ စပြီး ပြောပါတယ်။

ဆက်လက်၍ "အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကျ ခင်ဗျားတို့ တပ်မတော်ကို မကျေနပ်လို့ တိုက်မယ်ဆိုရင်လဲတိုက်၊ ကျတော် မပြောလိုဘူးး။ ခင်ဗျားဆို့သိတဲ့အတိုင်းပဲ၊ တပ်မတော်မှာ သူရဲဘောကြောင်တဲ့ကောင် တယောက်မှ မရှိဘူး" ဟု့ ဆိုပါတယ်။

"အခုက ဘာဖြစ်လို့ ဆိုတာလဲကြ၊ ဘာမှ မဆိုင်တဲ့ လေထဲက ရဟတ်ယဥ်တွေကို အငြိုးတကြီးနဲ့ ပစ် ပစ် ချနေကြတယ်။ ရဟတ်ယဥ်ဆိုတာ မြေပြင်ပေါ်မှာ ကားတွေလို မောင်းသွားလို့ မရဘူးး။ တစ်စီးတစ်စီးကို မြန်မာငွေနဲ့တွက်ရင် ပေးရတာက နဲတာမဟုတ်သလို ဝယ်ရတာလဲ မလွယ်ဘူးး။ တစီးပျက်ရင် တစီးစာ နိုင်ငံတော်အတွက် နစ်နာတယ်၊ နှမြောဖို့လဲကောင်းတယ်"

"နောက်ပြီးတော့ကျ ဒီလေယဥ်တွေက ပြည်ပရန်ကာကွယ်ဖို့ပဲ ရည်ရွယ်တာ၊ ပြည်တွင်းမှာက လေ့ကျင့်ရုံလောက်ပဲ သုံးခြင်းဖြစ်တယ်၊ အဲကျကျတော့ တိုင်းပြည်ကိုချစ်ရင်၊ ပြည်သူအခွန်အခတွေကို နှမြောရင်၊ လေယဥ်တွေကို ပစ်မချကြဖို့ မေတ္တာရပ်ခံလိုတယ်" ဟု့ ပြောကြားသွားပါတယ်။”

မူရင်းလင်ခ့် – Facebook link | Archive link

ဒီလိုရေးသားဖြန့်ဝေမှုအပေါ်က အများစုက သရော်စာအဖြစ် နားလည်ပေမဲ့ အချို့အတွက် နားလည်မှုလွဲ စေနိုင်တာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာလည်း ဒီလိုပြောဆိုချက်မျိုးမတွေ့ရပါဘူး။

ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က တရုတ်ထုတ် FTC-2000G အမျိုးအစားတိုက်လေယာဉ်တစီးကို ပစ်ချနိုင်ခဲ့ပြီး လေယာဉ်ပေါ်ပါ လေယာဉ်မှူးနဲ့ တွဲဖက် လေယာဉ်မှူးတို့ နှစ်ဦးလုံး သေဆုံးခဲ့ပါတယ်။

လေယာဉ်ပျက်ကျမှုသတင်းဟာ မီဒီယာတွေမှာရေပန်းစားတဲ့ သတင်းတပုဒ်ဖြစ်ခဲ့ပေမဲ့ ဒီသတင်းနဲ့ ပတ်သတ်ပြီး စစ်တပ်ဘက်က နှုတ်ဆိတ်နေခဲ့တာမို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာတော့ ထုတ်ပြန်ပြောဆိုလာ တာမျိုးမရှိပါဘူး။

စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်ကို ကြည့်ပါ) အဓိကကျတဲ့ စကားလုံးအချို့ အသုံးပြုရှာဖွေရာမှာလည်း ဒီလို လေယာဉ်ပျက်ကျမှုနဲ့ ပတ်သတ်ပြီးတော့ သတင်းဖော်ပြချက်ဖြစ်စေ ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်ဖြစ်စေ မတွေ့ရပါဘူး။

စစ်တပ်လိုလားတဲ့ မီဒီယာလုပ်ငန်းတခုဖြစ်တဲ့ NP News ကတော့ ဒီလိုလေယာဉ်ပျက်ကျမှုသတင်းကို အခြားသော သတင်းမီဒီယာတွေမှာ ဖော်ပြချက်အတိုင်းဖော်ပြခဲ့ပြီး စစ်တပ်သတင်းထုတ်ပြန်ရေးကို ဆက်သွယ်မေးမြန်းထားပေမဲ့ တစုံတရာဖြေကြားမှုမရှိသေးဘူးဆိုပြီးတော့ ရေးသားပါတယ်။

သုံးသပ်ချက်

လေယာဉ်တွေကို ပစ်မချဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တောင်းပန်စကားပြောတယ်ဆိုတာ မဟုတ်ပါဘူး။အာဏာသိမ်းအပြီး စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးမှာ ခရာကျပြီး လက်လွတ်စလွယ်တုန့်ပြန် ပြောဆိုမှုတွေနဲ့ နာမည်ကြီးတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို နိုင်ငံရေးအရ သရော်ထားခြင်းသာဖြစ်တယ်။
ပြောဆိုချက်- လေယာဉ်တွေကို ပစ်မချဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တောင်းပန်

Avatar

Title:Fact Check: လေယာဉ်တွေပစ်မချဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းတောင်းပန်တဲ့ သတင်းတု

Written By: Zun Zee

Result: Satire