ကျောက်ဖြူမှာ တရုတ်ကိုယ်စားလှယ်အဖွဲ့စီးလားတဲ့ ရဟတ်ယာဉ် ပစ်ချခံရဆိုတဲ့ ယူကျူ့ဗွီဒီယိုတခု ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသား ကောက်နုတ်ချက်ဖြစ်တယ်။

“ပြဿနာကြီးကြီး တက်ကုန်ပြီ

ကျောက်ဖြူ”

C:-Users-User-Downloads-Firefox_Screenshot_2024-06-19T12-28-41.890Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ‌ခေါင်းစဉ်လွဲ ဒါမှမဟုတ်လည်း လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တုတွေတပ်ကာ ဖြန့်ချိလေ့ရှိတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ကျောက်ဖြူမှာ တရုတ်ကိုယ်စားလှယ်အဖွဲ့စီးလားတဲ့ ရဟတ်ယာဉ် ပစ်ချခံရလို့ ပြဿနာတက်ကုန်ပြီ လို့ ဆိုထားပေမဲ့ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်သေရုပ်ကတ်(thumbnail) ဓာတ်ပုံမှာဖော်ပြထားပေမဲ့ ဗွီဒီယိုထဲမှာ ဖော်ပြထားတဲ့ သတင်းဟာ “ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲဖြစ်”ဆိုတဲ့ လူထုနွေဦးသတင်းဌာနက ဇွန် ၁၈ ရက်ကဖော်ပြခဲ့တဲ့သတင်းနဲ့ တခြား သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်း ဖြစ်တယ်။

C:-Users-User-Downloads-screenshot-www.ludunwayoo.com-2024.06.19-20_36_34.png

သုံးသပ်ချက်

လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ တရုတ်အစိုးရနဲ့ ကျောက်ဖြူစီမံကိန်းက တရုတ်ကိုယ်စားလှယ်တွေ ကျောက်ဖြူကို ရောက်နေချိန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ် ထားတယ်။ ဒီလိုရောက်ရှိနေတဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ထိခိုက်မှုရှိတယ်၊ တိုက်ခိုက်ခံရတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

Avatar

Title:Fact Check: ကျောက်ဖြူမှာ တရုတ်ကိုယ်စားလှယ်အဖွဲ့စီးလားတဲ့ ရဟတ်ယာဉ် ပစ်ချခံရဆိုတဲ့ သတင်းတု

Written By: နေရာမောင်

Result: False