Fact Check: စစ်တပ်က လူထုကို လက်နက်အပ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတဲ့ သတင်းတု

False နိုင်ငံ‌ရေး

စစ်တပ်အနေနဲ့ ပြည်သူလူထုကို လက်နက်အပ်မယ်လို့ စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်း အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။ 

 “စစ်တပ်အနေနဲ့ ပြည်သူကို လက်နက်အပ်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော အရှုံးပေးဖို့ပြင်နေပြီ” စသည်ဖြင့် ဗွီဒီယိုအစမှာပြသတဲ့ရုပ်ကတ်မှာ ရေးသားထားပါတယ်။

အောက်ပါစရင်ရှော့ခ်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။ 

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုအစမှာ ရေးသားထားတာနဲ့ ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာ တွေဟာ ဆန့်ကျင်ဘက်ဖြစ်နေတာ တွေ့ရပါတယ်။  ဗွီဒီယိုထဲမှာ တရားမဝင် လက်နက်ခဲယမ်း ကိုင်ဆောင်မှုများ လျော့နည်းပ ပျောက်စေရေး၊ လက်နက်ခဲယမ်းများကို တစ်လွဲအသုံးပြုမှုများ မဖြစ်ပေါ်စေရေးဆိုပြီးတော့ ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်း တွေကို လိုင်စင်လျှောက်ထားဖို့ မေလ ၉ ရက်မှာ စစ်ကောင်စီက အသိပေးထုတ်ပြန်ခဲ့ပြီးနောက် ရက်ပိုင်း အတွင်းမှာပဲ လက်နက်ဥပဒေ ကို ပြဌာန်းလာကြောင်း မေ ၁၂ ရက်မှာ ဧရာဝတီတိုင်းမ်က ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို အောက်မှာကြည့်ပါ။

စစ်ကောင်စီပြဌာန်းလိုက်တဲ့ လက်နက်ဥပဒေဟာ ပြည်သူအချင်းချင်းတရားဝင်လက်နက်ပေးပြီး သွေးခွဲဖို့ သို့မဟုတ် သူတို့ထောက်ခံသူတွေကို လက်နက်ထုတ်ပေးပြီးနောက် မထိန်းချုပ်နိုင်တာကြောင့် ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်ကြတယ်လို့လည်း ဒီသတင်းမှာဖော်ပြပါတယ်။

မူရင်းလင်ခ့် – Ayeyarwaddy Times | Archive link

သုံးသပ်ချက်

ဗွီဒီယိုပါအကြောင်းအရာဟာ မြန်မာစစ်တပ်က လက်နက်ကိုင်ထားသူတွေ လိုင်စင်လျှောက်ထားဖို့နဲ့ တရားမဝင် ကိုင်ဆောင်သူတွေကို လက်နက်ဥပဒေအရ  အ‌ရေးယူမယ့်အကြောင်းရေးသားထားတဲ့ သတင်းကို‌ ပြန်လည် မျှဝေနေခြင်းဖြစ်တယ်။ ဒီလိုအခြေအနေမှာ စစ်တပ်က လူထုဆီကို လက်နက်အပ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောတယ်ဆိုပြီးတော့ လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

ပြောဆိုချက်-  လူထုကို စစ်တပ်ကလက်နက်အပ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

Avatar

Title:Fact Check: စစ်တပ်က လူထုကို လက်နက်အပ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *