Fact Check: NUGကိုအာဏာလွှဲပေးမယ်လို့ စစ်ခေါင်းဆောင်ကြေညာတဲ့သတင်းတု

နိုင်ငံရေး | Politics

အမျိုးသားညီညွှတ်ရေးအစိုး (NUG )ထံကို အာဏာလွဲအပ်မယ့်အကြောင်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ‌ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုဖြန့်ဝေနေတာသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“(၅)ရက်နေ့ သတင်းထူးကြီး မအလလေသံပြောင်းပြီဟေ့ NUGကို အာဏာလွှဲအပ်ရန် မအလကိုယ်တိုင် အတိအလင်းကြေညာလိုက်ပြီ”လို့ဆိုပြီး “Up to Date”အမည်နဲ့ ယူကျု့ချန်နယ်ကနေ ရေးသားဖြန့်ဝေနေ တာဖြစ်ပါတယ်။

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG )ထံကို အာဏာလွှဲ အပ်မယ့်အကြောင်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထုတ်ပြန်ကြေညာတယ်လို့ဆိုတဲ့ သတင်း ကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်း မီဒီယာတွေမှာ ဒီလို သတင်း ဖော်ပြချက်မရှိပါဘူး။ 

အမှန်တကယ်တော့ ဗွီဒီယိုထဲမှာ “မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည် သုံးသပ်မယ်”၊ “ဝက်လက်မြို့နယ်ရှိ စခန်းသာရွာကို စစ်တပ်က မီးတင်ရှို့နေ၊ စစ်ဘေးရှောင် ပြည်သူ ၁ ဦး စစ်တပ်ထောင်ထားသော မိုင်းနင်းမိပြီး စိုးရိမ်ရ”စတဲ့ သတင်းတွေကိုပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ဖို့ရှိတဲ့အကြောင်း သတင်းဖော်ပြချက် ကို သတင်းခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ NUG  ထံကို အာဏာလွဲအပ်မယ့်အကြောင်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ‌ကြေညာတယ်ဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: NUGကိုအာဏာလွှဲပေးမယ်လို့ စစ်ခေါင်းဆောင်ကြေညာတဲ့သတင်းတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *