Fact Check: စိုးဝင်းကိုအာဏာလွှဲပြီး မင်းအောင်လှိုင်နုတ်ထွက် ဇော်မဲလုံးကြေညာဆိုတဲ့ သတင်းမှား

Partly False နိုင်ငံရေး | Politics

ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် တာဝန်က အနားယူလိုက်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုအဏာလွှဲကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကြေညာဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။သတင်းဌာနအချို့ကဖော်ပြပြီးဖြစ်တဲ့သတင်းတွေကို လူတွေစိတ်ဝင်စားမှုရဖို့အတွက် သတင်းခေါင်းစဉ်တုနဲ့ထပ်မံဖြန့်ချိနေဖြစ်ပါတယ်။

“မင်းအောင်လှိုင် နုတ်ထွက်ပြီ#သတင်းထူး”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

C:\Users\Mi\Downloads\Screenshot 2022-11-19 151317.png

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုရဲ့ thumbnail ရုပ်ပုံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းတို့ အစည်းအဝေး ဓာတ်ပုံ၊ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ သတင်းစာရှင်းလင်းပွဲဓာတ်ပုံတွေအသုံးပြုပြီး “စိုးဝင်းကို အာဏာလွှဲပြီး မင်းအောင်လှိုင်နုတ်ထွက် ဇော်မဲလုံး တရားဝင်ကြေညာလိုက်ပြီ”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာပါမဝင်ပါဘူး။

ဗွီဒီယိုပါမပထမဆုံးသတင်းတစ်ပုဒ်ဟာ Ayeyarwaddy Times သတင်းဌာနက နိုဝင်ဘာ ၁၇ ရက်ဖော်ပြခဲ့တဲ့ “စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စိုးဝင်း အပါ စစ်ကောင်စီတစ်ဖွဲ့လုံးနဲ့ စစ်ဗိုလ်ချုပ် ၂၀ ကျော်၊ စစ်ကောင်စီခန့်ဝန်ကြီး၊ ဝန်လေးတွေကို ဘွဲ့တံဆိပ်တွေအချင်းချင်းလှည့်ပတ်ပေး”ဆိုတဲ့သတင်းဖြစ်ပါတယ်။

C:\Users\Mi\Downloads\screenshot-www.facebook.com-2022.11.22-19_52_21.png

နောက်ထပ် သတင်းတွေက နိုဝင်ဘာ ၁၈ ရက်မှာ Khit Thit Media မှာဖော်ပြခဲ့တဲ့ “စစ်တပ်နှင့် အတိုက်အခံ နှစ်ဖက်စလုံးက အနိုင်ရမည်ဟု ယုံကြည်နေကြ၍ စေ့စပ် မဆွေးနွေးလိုဟု အာဆီယံ အထူးသံတမန်၏ အစီရင်ခံစာတွင်ဖော်ပြ၊ NUG နှင့်ထိတွေ့ဆက်ဆံရေး အပါအဝင် အချက် ၈ ချက် လုပ် ဆောင်ရန် အကြံ ပြုတိုက်တွန်း”၊ People’s Spring သတင်းဌာနမှာဖော်ပြခဲ့တဲ့ “သမ္မတ၊အတိုင်ပင်ခံအပါအဝင်ထောင်ချီသည့် သွေးချင်းများ မတရားဖမ်းခံထားရဆဲဖြစ်ကြောင်း ယာယီ သမ္မတ အသိပေးပြီး စစ်အာဏာရှင်များ၏လုပ်ဇာတ်ကို သတိထားရန် တိုက်တွန်း”ဆိုတဲ့သတင်းတွေပဲဖြစ်ပါတယ်။

သုံးသပ်ချက်

သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်က ရေးပန်းစားခဲ့တဲ့သတင်းအချို့ကို ပြန်လည် ဖော်ပြနေခြင်းဖြစ်ပါတယ်။ စာသားနဲ့ဖော်ပြခဲ့တဲ့ သတင်းတွေကိုအသံဖိုင်နဲ့အခြားသောဓာတ်ပုံတွေကို လိုအပ်သလိုအသုံးပြုပြီး ဗွီဒီယိုပုံစံပြန်လည်ဖော်ပြရာမှာ လူတွေစိတ်ဝင်စားမှုထပ်မံရရှိဖို့အတွက် ထင်ယောင်ထင် မှားဖြစ်ဖွယ် “မင်းအောင်လှိုင်က စိုးဝင်းကို အာဏာလွှဲလိုက်ပြီလို့ ဇော်မဲလုံးကြေညာ”စတဲ့ စကားလုံးတွေ သတင်းခေါင်းစဉ်အတုပြုလုပ်ဖြန့်ချိခဲ့ပါတယ်။ တကယ်တော့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် တာဝန်က အနားယူလိုက်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုအဏာလွှဲကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကြေညာတယ်ဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: စိုးဝင်းကိုအာဏာလွှဲပြီး မင်းအောင်လှိုင်နုတ်ထွက် ဇော်မဲလုံးကြေညာဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: Partly False


Leave a Reply

Your email address will not be published. Required fields are marked *