Fact Check: NUG လေတပ် နေပြည်တော်ကိုဝိုင်းထားပြီ၊ လေယာဉ်သုံးတိုက်မှာဖို့ အပြင်မထွက်ဖို့ ထုတ်ပြန်ဆိုတဲ့ သတင်းတု   

False နိုင်ငံရေး | Politics

NUG လေတပ် နေပြည်တော်ကိုဝိုင်းထားပြီ၊ လေယာဉ်သုံးတိုက်မှာဖို့ အပြင်မထွက်ဖို့ ထုတ်ပြန်ချက်ဆိုတဲ့ သတင်းတုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။

အောက်ပါစာသားတွေကတော့ ဘလော့ဂ်ပို့စ်တစ်ခုမှာရေးသားထားချက်ဖြစ်ပါတယ်။

“NUG လေတပ်နေပြည်တော်ကိုဝိုင်းထားလိုက်ပြီဗျို့”လို့ သတင်းခေါင်းစဉ်အနေနဲ့ရေးသားထားပြီး “လုံးဝဂျင်းမဟုတ်ဘူး မနက်ဖြန် လေယာဉ်သုံးတိုက်မှာ လုံးဝအပြင်မထွက်ဖို့ပူးတွဲထုတ်ပြန်”လို့ ရေးသားပြီး “onlinenews79.com” အမည်နဲ့ဝက်ဘ်ဆိုဒ်က အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

ဒီဘလော့ဂ်ပို့စ်ကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းပြန်လည်ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

“onlinenews79.com” အမည်နဲ့ဘလော့ဂ်ပို့စ်ကို ဝင်ရောက်ကြည့်ရှူ့မယ်ဆိုရင် “NUG လေတပ်နေပြည်တော် ကိုဝိုင်းထားလိုက်ပြီဗျို့”လို့ရေးသားထားတဲ့ သတင်းခေါင်းစဉ်၊ NUG သမ္မတ ဒူဝါလရှီးလ၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ တိုက်လေယာဉ်ဓာတ်ပုံတို့ကို ပေါင်းစပ်ပြုပြင်ထားတဲ့ ဓာတ်ပုံပေါ်မှာ “လုံးဝဂျင်းမဟုတ်ဘူး မနက်ဖြန် လေယာဉ်သုံးတိုက်မှာ လုံးဝအပြင်မထွက်ဖို့ပူးတွဲထုတ်ပြန်”လို့ ရေးသားထားတဲ့ ရေးသားချက်ကိုပဲ ထပ်မံတွေ့ ရပြီး နောက်ထပ် သတင်းစာသားတစ်စုံတစ်ရာမတွေ့ရပါဘူး။ လူတွေစိတ်ဝင်စားဖွယ်သတင်းခေါင်းစဉ်တုပေးပြီး  ဘလော့ဂ်ပို့စ်ကို လူကြည့်များအောင်ဆောင်ရွက်ချက်တစ်ခုသာဖြစ်ပြီး NUGက ဒီလိုကြေညာတယ်ဆိုတဲ့ အထောက်ထားလည်း မရှိပါဘူး။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။

ဒီလိုမျိုး နေပြည်တော်ကို သိမ်းပိုက်လိုက်ပြီ၊ နေပြည်တော်ကို ဝင်သိမ်းနေလို့ အပြင်မထွက်ဖို့ဆိုတဲ့ သတင်း ခေါင်းစဉ်တုတွေဟာ မကြာခဏဖြန့်ဝေလေ့ရှိပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။

သုံးသပ်ချက်

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားခြင်းမရှိပါဘူး။ ထင်ယောင်ထင်မှားနဲ့ လူတွေစိတ်ဝင် စားဖွယ် သတင်းခေါင်းစဉ်တုပေးပြီး  ဘလော့ဂ်ပို့စ်ကို လူကြည့်များအောင်ဆောင်ရွက်ချက်တစ်ခုသာဖြစ်ပါတယ်။

Avatar

Title:NUG လေတပ် နေပြည်တော်ကိုဝိုင်းထားပြီ၊ လေယာဉ်သုံးတိုက်မှာဖို့ အပြင်မထွက်ဖို့ ထုတ်ပြန်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *