
NUG အတွက်လက်နက်များကို ပွဲစားလုပ်တင်သွင်းပေးနေသူ စပိန်လက်နက်ကုန်သည်တစ်ဦးကို ဖမ်းမိပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံး ပြုသူတွေအကြာမှာ ပျံ့နှံ့လျှက်ရှိပါတယ်။ Mr.Notorious Dutch လို့ခေါ်တဲ့ လက်နက်ပွဲ စားကို ထိုင်းနိုင်ငံ ဖူးခက်ကျွန်းမှာ ဖမ်းမိတာဖြစ်ပြီး သူနဲ့ ချိတ်ဆက်နေတဲ့ မြန်မာနိုင်ငံသားစပိန်ဧည့်လမ်းညွှန် တစ်ဦးရဲ့ ဓာတ်ပုံကို ထိုင်းတော်ဝင်ထောက်လှမ်းရေးမှထုတ်ဖော်ရရှိတယ်လို့လည်း ရေးသား ထားပါတယ်။ သတင်းတုတစ်ခုသာဖြစ်ပါတယ်။
အောက်ပါစာသားနဲ့ Screenshot ကတော့ ဩဂုတ် ၂၇ ရက်က မျှဝေခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်ပါအကြောင်း အရာဖြစ်ပါတယ်။
“NUG အတွက် လက်နက်များကို ပွဲစားလုပ်တင်သွင်းပေးနေသူစပိန်လက်နက်မှောင်ခိုကုန်သည်တစ်ဦးအား ဖူးခက်ကျွန်းတွင် ဖမ်းမိ၊ ၎င်းနှင့် လျှို့ဝှက်ချိတ်ဆက်နေသောမြန်မာနိုင်ငံသားစပိန်ဧည့်လမ်းညွှန်တစ်ဦး၏ ဓာတ်ပုံကို ထိုင်းတော်ဝင်ထောက်လှမ်းရေးမှ ထုတ်ဖော်
၂၀၂၁ ၊ စက်တင်ဘာ
၂၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ Dusit Patra Hotal တွင် စပိန်လူမျိုးလက်နက်ကုန်သည် Mr.Notorious Dutch ကိုထိုင်းတော်ဝင်ထောက်လှမ်းရေးအ ဖွဲ့က ဖမ်းဆီးရမိခဲ့သည် ထိုင်းနိုင်ငံနှင့် ဩစတြေးလျနိုင်ငံသို့ ကူးသန်းနေသူ အဆိုပါစပိန်လက်နက်ပွဲစားသည် မြန်မာနိုင်ငံသားစပိန်ဧည့်လမ်းညွှန်တစ်ဦးနှင့် ချိတ်ဆက်ကာ NUG အကြမ်းဖက်သမားများထံသို့ ၁၀ရာခိုင်နှုန်း ပွဲခယူကာတင်ပို့ပေးလျက်ရှိကြောင်း ထိုင်းထောက် လှမ်းရေးအေဂျင်စီက ဖော်ထုတ်နိုင်ခဲ့သည်။ စပိန်လူမျိုးလက်နက်ပွဲစား၏ ဖုန်းထဲတွင် “Daniel” ဟု အမည်ဝှက်ပေးထားသောမြန်မာပြည်တွင်းမှ စပိန်ဧည့်လမ်းညွှန်နှင့် ဆက်သွယ်ထားမှု့များ၊ ငွေကြေးလွှဲပြောင်း ထားမှုများနှင့် ဓာတ်ပုံအထောက်အထားများရရှိခဲ့သည်။
ထိုမြန်မာနိုင်ငံသားစပိန်ဧည့်လမ်းညွှန်မှာ ပြည်တွင်း PDF များထံသို့ လက်နက်တိုက်ရိုက် ပို့ပေးသည့် လမ်းကြောင်းကို တာဝန်ယူထားကြောင်း၊ ၎င်းကို စပိန်စကားကျွမ်းကျင်သည့်အတွက် NUG မှ မိမိနှင့် ချိတ်ဆက်ရန်သီးခြားလျှို့ဝှက်ငှားရမ်းထားခြင်းဖြစ်ကြောင်း၊ထိုသူ၏ အမည်မှန်ကိုမသိရှိရပဲ Mr Daniel ဟုသာ စကားဝှက်ထားကြောင်း၊ ဩစတြေးလျနိုင်ငံတွင်တွေ့ဆုံစဉ် ရိုက်ကူးပေးထားသည့် ၎င်း၏ဓာတ်ပုံတစ်ပုံ နှင့် လက်နက် လမ်းကြောင်းချိတ်ဆက်ပေးသည့် ၎င်း၏တပည့်ဧည့်လမ်းညွှန်အချို့ပုံကိုပြသသည့်အနေဖြင့် ပို့ထားသည့်ဓာတ်ပုံသာရှိကြောင်း Mr.Notorious Dutch ကထွက်ဆိုထားသည်။
မြန်မာအစိုးရသို့အချက်အလက်များလွှဲပေးထားပြီး မြန်မာနိုင်ငံသားစပိန်ဧည့်လမ်းညွှန်အားဖမ်းစီးနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ထိုင်းတော်ဝင်ေထာက်လှမ်းရေးဌာန၊ ညွှန်ကြားရေးမှူး Prawut Nati ကဘန်ကောက်ပို့စ် သတင်းကိုပြောကြား #MRM Crd #VladimirKyawGyi”

မူရင်းလင်ခ့် – FB link | Archive link
အစောပိုင်းပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ ဓာတ်ပုံ ၄ ပုံအထိပါဝင်ပြီး လက်နက်မှောင်ခိုလုပ်တဲ့ မြန်မာနိုင်ငံသား ဧည့်လမ်း ညွှန်အဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံ ၂ ပုံလည်း ဖော်ပြထားပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။ ဒီသတင်းတုကို ၂၀၂၁ ခုနှစ် စက်တင်ဘာလထဲမှာကတည်းက စစ်တပ်လော်ဘီ ဝက်ဘ်ဆိုဒ်တစ်ခုမှာ စတင်တွေ့ရှိရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အချက်အလက်စိစစ်ချက်
NUG (အမျိုးသားညီညွှတ်ရေးအစိုးရ) အတွက် လက်နက်ကုန်သည် လုပ်လို့ ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တဲ့ Mr.Notorious Dutch ရဲ့ဓာတ်ပုံကို ၂၀၁၇ ခုနှစ်လောက်ကတည်းက အင်တာနက်မှာတွေ့ရပါတယ်။
သူဟာ နယ်သာလန်နိုင်ငံကအလိုရှိနေတဲ့ ရာဇဝတ်ဂိုဏ်တစ်ခုက ရာဇဝတ်မှုကျူးလွန်သူထားတဲ့ Naoufal Fassih ဆိုသူဖြစ်ပြီး အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့မှာ ၂၀၁၆ ခုနှစ် ဧပြီလထဲကအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ အခြားသော ရာဇဝတ်မှု ၁၂ ခုကိုလည်း ကျူးလွန်ထားတယ်လို့ရေးသားထားပြီး အိုင်ယာလန်က ရာဇဝတ်ဂိုဏ်း တစ်ခုနဲ့ဆပ်စပ်နေသူအဖြစ်သံသယရှိခံထားရပါတယ်။ အိုင်ယာလန်မှာ ပက်စ်ပို့အတုကိုင်ဆောင်မှုနဲ့ ထောင်ချခံခဲ့ရတာဖြစ်တယ်လို့ အိုင်ယာလန်အခြေစိုက် Independent သတင်းဌာနကရေးသားပါတယ်။

မူရင်းလင်ခ့် – Independent | Archive link
Naoufal Fassih ဟာ၂၀၁၇ ခုနှစ်က နယ်သာလန်နိုင်ငံကိုလွှဲပြောင်းပေးခဲ့ပြီးနောက်မှာ ထောင်ဒဏ်တစ်သက်ကျခံ နေရသူလည်းဖြစ်ပါတယ်။
ထို့အတူ “NUG သို့ ပို့ဆောင်မည့်လက်နက်များလို့”စာတန်းရေးသားထားတဲ့လက်နက်ဓာတ်ပုံကိုလည်း သတင်း ဓာတ်ပုံရောင်းဝယ်ရေးဝက်ဘ်ဆိုဒ်တွေမှာ ၂၀၁၈ ခုနှစ်ကတည်းက တင်ထားတာတွေ့ရပါတယ်။ ဓာတ်ပုံရဲ့ အညွှန်းနေရာမှာ “တရားမဝင်မူးယစ်ဆေးသိုလှောင်ရာနေရာကို သရုပ်ဖော်ပုံ”လို့ရေးသားထားပါတယ်။ ဒီဓာတ်ပုံ ကို အိန္ဒိယတိုင်းမ် သတင်းဌာနကလည်း ၂၀၂၀ ခုနှစ်ထဲမှာ တရုတ်လက်နက်တွေ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ် တစ်လျှောက် ခိုးသွင်းနေတယ်ဆိုပြီးတော့ ရေးသားခဲ့တဲ့ဆောင်းပါးတစ်ပုဒ်မှာသရုပ်ဖော်ပုံအဖြစ် အသုံးပြုထား တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – istockphoto | Archive link
ထို့အပြင် “ထိုင်းတော်ဝင်ေထာက်လှမ်းရေးဌာန၊ ညွှန်ကြားရေးမှူး Prawut Nati ကဘန်ကောက်ပို့စ် သတင်း ကိုပြောကြား”ဆိုတဲ့အချက်အလက်နဲ့ပတ်သက်ပြီး ဘန်ကောက်ပို့စ်မှာရှာဖွေရာမှာလည်း တစ်စုံတစ်ရာမတွေ့ ရပါဘူး။ အစောပိုင်းမှာပျံ့နှံ့ခဲ့တဲ့ မြန်မာနိုင်ငံက စပိန်ဧည့်လမ်းညွှန်အဖြစ်ဖော်ပြထားတဲ့ဓာတ်ပုံကိုတော့ Fact Crescendo Myanmar အနေနဲ့အတည်ပြုနိုင်ခြင်းမရှိပါဘူး။
သုံးသပ်ချက်
NUG အတွက်လက်နက်များကို ပွဲစားလုပ်တင်သွင်းပေးနေသူ စပိန်လက်နက်ကုန်သည် Mr.Notorious Dutch ကို ဖမ်းမိပြီဆိုတဲ့ ပို့စ်ပါ ဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်ကတည်း အိုင်ယာလန်နိုင်ငံမှာ အဖမ်းခံခဲ့ရတဲ့ ဒက်ချ်လူမျိုး တစ်ဦးရဲ့ ပုံဖြစ်ပါတယ်။ သူဟာ အရှေ့တောင်အာရှမှာလည်း လှုပ်ရှားခဲ့တယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ရသလို ထိုင်းနိုင်ငံမှာ အဖမ်းခံရတယ်ဆိုတဲ့အချက်အလက်လည်းမတွေ့ရပါဘူး။

Title:Fact Check: NUG အတွက်လက်နက်မှောင်ခိုသွင်းသူ Mr.Notorious Dutch ဖူးခတ်မှာဖမ်းမိဆိုတဲ့သတင်းတုသတင်းမှား
Fact Check By: Nayar MaungResult: False