Fact Check: NUG နဲ့စစ်ကောင်စီ အာဏာလွှဲဖို့သဘောတူဆိုတဲ့ သတင်းတု

False နိုင်ငံရေး၊

NUG ကိုအာဏာလွှဲပြီးစစ်မှုထမ်းဥပဒေဖျက်သိမ်းဖို့ NUG နဲ့စစ်ကောင်စီ လျှို့ဝှက်ဆွေးနွေးမှုအောင်မြင်မှုရရှိခဲ့ပြီး စစ်ခေါင်းဆောင်ဟာလည်း တပ်ချုပ်ရာထူးမှ ရုတ်တရက်နှုတ်ထွက်မယ်လို့ ဆိုထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက် ရှိတယ်။ 

အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၄ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၄ သိန်းကျော်ရှိထားတယ်။

 “NUG နဲ့လျှို့ဝှက်ဆွေးနွေးမှုအောင်မြင် 

တပ်ချုပ်ရာထူးမှ ရုတ်တရက်နှုတ်ထွက်ပြီး

NUG ကိုအာဏာလွှဲပြီးစစ်မှုထမ်းဥပဒေဖျက်သိမ်းမယ်”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story (Myanmar)”အမည်နဲ့ ကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေလေ့ရှိတဲ့ ချန်နယ် တခုဖြစ်တာ တွေ့ရပါတယ်။ 

အခု ဗွီဒီယိုထဲမှာ လွတ်လပ်တဲ့အာရှအသံသတင်းဌာနက မတ် ၂၂ ရက်မှာဖော်ပြခဲ့တဲ့ “ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ပြော”ဆိုတဲ့ သတင်းနဲ့ အခြားသော သတင်းတွေကို ဖော်ပြနေခြင်းဖြစ်တယ်။ စစ်ကောင်စီ ဥက္ကဋ္ဌဟာ ရုရှားသတင်းဌာန ITAR-TASS နဲ့ မတ်လ ၁၈ ရက်နေ့က တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေက မတ် ၂၃ ရက်မှာ ထုတ်ပြန်လာတာဖြစ်တယ်။ ဒီသတင်းတပုဒ်လုံးမှာ NUG နဲ့ဆွေးနွေးမှုအကြောင်း၊ အာဏာပြန်လွှဲမှု အကြောင်းလည်းမပါဝင်ပါဘူး။ မူလသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

လွတ်လပ်တဲ့အာရှအသံသတင်းဌာနကဖော်ပြခဲ့တဲ့ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ပြောတဲ့အကြောင်း ဖော်ပြချက်ကို လိုအပ်သလို သတင်းခေါင်းစဉ်တပ်ဖြန့်ဝေထားခြင်းဖြစ်တယ်။ NUG နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိသလို အာဏာလွှဲပေးမယ့်အကြောင်းလည်း ပါဝင်ခြင်းမရှိပါဘူး။

Avatar

Title:Fact Check: NUG နဲ့စစ်ကောင်စီ အာဏာလွှဲဖို့သဘောတူဆိုတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *