
စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် NUG အဖွဲ့လျှို့ဝှက်ညှိုနှိုင်းနေတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့တယ်လီဂရမ်မှာဖြန့်ဝေလျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။
“NUGအဖွဲ့ကတော့ ဘာတွေအပေးအယူလုပ်လိုက်လဲတော့မသိဘူး
ကြားရတဲ့သတင်းကတော့
ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုပြီး နစက ကို လာညှိနေတယ်
ဒီလိုမှ လာမညှိလည်း နစက ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်ပြီး အရပ်သားအစိုးရတက်လာရင် NUG ခွက်ပျောက်ပြီလေ
ဆိုတော့
ဘာတွေ အပေးအယူတွေ လုပ်လိုက်လဲ ဆိုတာတော့ မကြာခင်ကာလမှ လယ်ပြင်မှာ ဆင်ကောင်ကြီးသွားသလို ကားကားနဲ့ မြင်ရတော့မယ်
စောင့်ကြည့်ကြအမျိုးတို့
🇲🇲⭐⭐⭐⭐⭐⭐🇲🇲
မှိုင်းဝေ”လို့ ရေးသားပြီး “စောမှိုင်းဝေ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို တယ်လီဂရမ်ရဲ့ ဒီလင့်ခ်၊ ဖေ့စ်ဘွတ်ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်းကြည့်ပါ။
အချက်အလက်စိစစ်ချက်
NUG က စစ်တပ်က လုပ်မယ့်ရွေးကောက်ပွဲကို ၂၀၂၃ ရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်မည်၊ ဆန့်ကျင်မည် ဆိုသော အဆင့်ထက် ကျော်လွန် စဉ်းစားကြဖို့ဆိုပြီး NUG ယာယီသမ္မတက ၂၀၂၂ ခုနှစ် အောက်တိုဘာ ထဲမှာ တိုက်တွန်းခဲ့တာတွေ့ရပါတယ်။ ရွေးကောက်ပွဲကို လက်မခံဘူးလို့ နော်ဝေနိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် အမတ်တွေကို NUG က ၂၀၂၂ ကုန်ပိုင်းမှာ ပြောကြားခဲ့ကြောင်း လွတ်လပ်တဲ့အာရှအသံ သတင်းတစ်ပုဒ်မှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – RFA Burmese | Archive link
စစ်တပ်က ရွေးကောက်ပွဲအတွက်ဆိုပြီး လူဦးစာရင်းကို မြေပြင် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရေးခေါင်းစဉ်နဲ့ အကြိုမဲစာရင်းကောက်ဖို့ ယူဖို့ ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့ အထိ၂၃ ရက်ကောက်ဖို့လုပ်ဆောင်နေပြီး ပူးပေါင်းပါဝင်ခြင်းမပြုကြဖို့ NUG က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာလည်း တိုက်တွန်းထားတာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ကအချက်အလက်တွေအရ စစ်တပ်က လုပ်မယ့်ရွေးကောက်ပွဲကို NUG ကဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ လျို့ဝှက်ဆွေးနွေးနေတယ်ဆိုတာ မဟုတ်ပါဘူး။ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူး ဖို့လည်း လူထုကို တိုက်တွန်းထားတာတွေ့ရပါတယ်။

Title:Fact Check: စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ NUG လျှို့ဝှက်တွေ့ဆုံဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False