စစ်ကောင်စီရဲ့ အဓိကနယ်မြေဖြစ်တဲ့ နေပြည်တော် တပ်ကုန်းကို ဒရုန်းအစင်းရေ ၃၀၀ ကျော်နဲ့ ဗုံးကြဲခံလို့ မီလောင်ပြာကျကုန်ပြီလို့ ဆိုထားတဲ့ မီး‌လောင်နေတဲ့အဆောက်အဦပုံတွေပါတဲ့ ယူကျူ့ဗွီဒီယိုတခုဟာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။ သတင်းတု သတင်းမှားသာဖြစ်ပါတယ်၊

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်တယ်။

“(၂၃)ရက်နေ့ အရေးပေါ်သတင်း ဒရုန်းအစင်း(၃၀၀)ကျော်နဲ့ နေပြည်တော် တပ်ကုန်းကျဲချလိုက်ပြီ မီးလောင်ပြာကျ ကုန်ပြီဗျို့/ထူးပြီဟေ့”လို့ဆိုပြီး “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ကဖော်ပြ ထားပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကိုစိစစ်ကြည့်ရာမှာ နေပြည်တော် တပ်ကုန်းကို ဒရုန်းအစင်းရေ ၃၀၀ ကျော်နဲ့ ဗုံးကြဲမှုသတင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းမီဒီယာတွေမှာ ဒီလိုသတင်း ဖော်ပြချက်မျိုးမရှိပါဘူး။

အမှန်တကယ်တော့ ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြထားတဲ့ မြင်းခြံမြို့နယ်၊ ကျောက်ကံ(ပျူ) ရွာအနီးတွင် စစ်သားများ လိုက်ပါလာသည့် ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား တချို့ သေဆုံး ထိခိုက်နိုင် ဆိုတဲ့သတင်း ၊ တနိုင်ငံလုံးရှိ PDF တပ်ရင်းများထံသို့ Drone အစင်းရေ ၄၀၀ ကျော် ဖြန့်ဝေတိုက်ပွဲဝင်နေပြီဟု ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ဆိုတဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်ပါတယ်။

မူရင်းလင်ခ့် – Yktnews | Archive link

သုံးသပ်ချက်

သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူကာ နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ပြီး ပြန်လည်ဖြန့်ချိနေတာဖြစ်ပါတယ်။ နေပြည်တော် တပ်ကုန်းကို ဒရုန်းအစင်းရေ ၃၀၀ ကျော်နဲ့ ကျဲချလိုက်တယ် ဆိုထားတဲ့သတင်း မတွေ့ရပါဘူး။

ပြောဆိုချက်- နေပြည်တော် တပ်ကုန်းမှာ ဒရုန်းအစင်းရေ ၃၀၀ ကျော်နဲ့ ကြဲခံရ

Avatar

Title:Fact Check: ဒရုန်းအစင်း ၃၀၀ ကျော်နဲ့ ဗုံးကြဲခံရလို့ နေပြည်တော်တပ်ကုန်း မီးလောင်ပြာကျဆိုတဲ့ သတင်းတု

Written By: Zun Zee

Result: False