
စစ်ကောင်စီက ၂၄ နာရီအတွင်း အာဏာလွှဲနိုင်ရေးအတွက် အရေးကြီးအစည်းအဝေးလုပ်ခဲ့တယ်ဆိုပြီးတော့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ သတင်းမှားဖြစ်ပါတယ်။
“၂၄ နာရီအတွင်းအာဏာလွဲနိုင်ချေရှိ၊ အရေးကြီးဆင့်ခေါ်ခံရ”လို့ ရေးသားပြီး “ Queen10シ ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB Link ၊ Archive Link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
“၂၄ နာရီအတွင်းအာဏာလွဲနိုင်ချေရှိ၊” ဆိုပြီးရေးသားထားပေမဲ့ ၁၁ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ထဲမှာ ဒီလိုအာဏာလွှဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမပါဝင်ဘဲ လွတ်လပ်တဲ့ အာရှအသံ သတင်းဌာနက ဖော်ပြထားတဲ့ “လေပိုင်နက်ကျူးကျော်တိုက်ခိုက်တဲ့ စစ်ကောင်စီကို တုံ့ပြန် ဆောင်ရွက်ဖို့ အိန္ဒိယကို တောင်းဆို”ဆိုတဲ့ သတင်းတစ်ပုဒ်ကို ပြန်လည်ဖတ်ကြား နေတာဖြစ်ပါတယ်။
သုံးသပ်ချက်
“၂၄ နာရီအတွင်းအာဏာလွဲနိုင်ချေရှိ”ဆိုတဲ့ သတင်းဟာ လူစိတ်ဝင်စားအောင် ဖန်တီးထားတဲ့သတင်းမှားသာ ဖြစ်ပြီး တကယ်တော့ ဒီဗွီဒီယိုမှာပါဝင်တဲ့ အကြောင်းအရာဟာ လွတ်လပ်တဲ့ အာရှအသံ သတင်းဌာနက ဖော်ပြထားတဲ့ “လေပိုင်နက်ကျူးကျော် တိုက်ခိုက်တဲ့ စစ်ကောင်စီကို တုံ့ပြန် ဆောင်ရွက်ဖို့ အိန္ဒိယကို တောင်းဆို”ဆိုတဲ့ သတင်းသာဖြစ်ပါတယ်။

Title:Fact Check: ၂၄ နာရီအတွင်း အာဏာလွှဲနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေ
Fact Check By: Zun ZeeResult: Misleading