
TNLA ဗဟိုကော်မတီဝင်/ဒုတိယ စစ်ဦးစီးချုပ်ရာထူးယူထားသူ တားအလှော်(ခ)တားမူစယ်ကို စစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆောင်ရွက်တဲ့အတွက် PDF က လုပ်ကြံသတ်ဖြတ်လိုက်တယ် ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။
“TNLA အKyanဖက်မှ ဒုစစ်ဦးစီးချုပ်အား PDFများမှ လုပ်ကြံ tyat ဖြတ်ခံရ
TNLA အkyanဖက်အဖွဲ့မှ ဗဟိုကော်မတီဝင်/ဒုတိယ စစ်ဦးစီးချုပ် ရာထူးယူထားသူ တားအလှော်(ခ)တားမူစယ်အား တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆောင်ရွက်သည့်အတွက်ဟုဆိုကာ ၎င်းတို့မွေးထားတဲ့ PDFအဖွဲ့မှ ပြန်ပြီးလုပ်ကြံ tyat ဖြတ်ကြောင်းသိရပါတယ်
တလရကိုသစ္စာဖောက်ရင် ဘယ်သူဖြစ်ဖြစ် tyat မှာပဲဟု အကြမ်းဖက် PDFများက ပြောဆိုခဲ့တာတွေရှိခဲ့ဖူးပါတယ်
ခုတော့ Tyatတဲ့ ပဒက်လည်းပြေးနေပြီ
(နောက်ကွယ်က ဘယ်သူရှိမလဲ?
-ပဒက်တွေကို လူမိုက်ငှားလိုက်တာလား? စဥ်းစားစရာပဲ)
မှိုင်းဝေ”လို့ ရေးသားပြီး “Thi Ha Soe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ပတ်သက်တဲ့ သတင်းတွေ ပုံမှန်ဖော်ပြလေ့ရှိတဲ့ “Ta’ang State TV”အမည်နဲ့အကောင့်မှာ TNLA ၏ ဗဟိုကော်မတီဝင်/ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော်(ခ) တားမူစယ်သည် အသက် (၆၄)နှစ်သည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့ နံနက်က (၉၆) ပါးသော ရောဂါဖြင့် သေဆုံးသွားခဲ့တယ်လို့ ဖော်ပြပါတယ်။

မူရင်းလင်ခ့် – Ta’ang State TV | Archive link
ထို့အတူ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော်ခေါ် တားမူစယ်သည် လူကြီးရောဂါဖြင့် ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက ကွယ်လွန်သွားတယ်လို့ မဇ္ဈိမသတင်းဌာန ကဖော်ပြခဲ့ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော်(ခ) တားမူစယ် သေဆုံးမှုကို အကြောင်းပြုပြီး PDF က လုပ်ကြုံလို့ သေဆုံးမှုအဖြစ် သတင်းမှားဖြန့်ချိနေခြင်း ဖြစ်ပါတယ်။

Title:Fact Check: TNLA ဒုစစ်ဦးစီးချုပ် သေဆုံးမှုကို PDF လုပ်ကြံသတ်ဖြတ်မှုလို့ သတင်းမှားဖြန့်ဝေ
Fact Check By: နေရာမောင်Result: False