ရန်ကုန်မြို့ကို KNU၊PDF ထိန်းချုပ်လိုက်ကြောင်း ဗိုလ်မှူးကြီး ၅ ဦး တိတ်တဆိတ်အဖမ်းခံလိုက်ရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၉)ရက်နေ့ နံနက်ခင်းအထူးသတင်း မယုံဘူးပြောနေတဲ့ (ဘောမ)ကြည့်ထားကြ ရန်ကုန်မြို့ကို KNU ၊PDF ထိန်းလိုက်ပြီ ဗိုလ်မှူးကြီး(၅)ဦး တိတ်တဆိတ်ဖမ်းလိုက်ပြီ”လို့ရေးသားထားတာကို “Burmese Television”အမည်နဲ့ ယူကျူ့ ချန်နယ်ကနေဖြန့်ဝေထားတာဖြစ်ပါတယ်။

တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ရန်ကုန်မြို့ကို KNU PDF ထိန်းချုပ်လိုက်ကြောင်း ဆိုတဲ့အကြောင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်း မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။

အမှန်မှာတော့ ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းမီဒီယာက ဖော်ပြခဲ့တဲ့ ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်သာယာ၊ လှိုင်၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဗဟန်းနှင့် တောင် ဒဂုံ တို့တွင် ဗုံးများ တစ်ပြိုင်နက်တည်း ပေါက်ကွဲ၊ လူထုနွေဉီးသတင်းကဖော်ပြခဲ့တဲ့ စစ်ကောင်စီ၏တိုက်ခိုက်ရေး လေယာဉ်အား ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အထောက်အထား ပြလာပါက ဆုငွေချီးမြှင့်မည်ဟု NUG ပြော စတဲ့သတင်းအကြောင်းအရာများကို လူစိတ်ဝင်စားမယ့် ခေါင်းစဉ်တပ်ကာ ပြန်လည်ဖတ်ကြားနေခြင်း ဖြစ်ပါတယ်။

သုံးသပ်ချက်

ဗွီဒီယိုဖိုင်ပါ အကြောင်းအရာတွေဟာ သတင်းဌာနအသီးသီးမှာ ဖော်ပြခဲ့တဲ့ သတင်းအကြောင်းအရာတွေ တွေကို ဝင်ရောက်ကြည့်သူအရေအတွက် များလာစေဖို့ ခေါင်းစဉ်တုပြုလုပ်ဖန်တီးကာ ပြန်လည်မျှဝေနေခြင်း သာဖြစ်တယ်။ ရန်ကုန်ကို KNU နဲ့ PDF ထိန်းချုပ်လိုက်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး

Avatar

Title:Fact Check: ရန်ကုန်မြို့ကို KNU၊PDF ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းတု

Written By: Zun Zee

Result: False