
လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာ့ဂုဏ်သိက္ခာအကြီးဆုံး အားကစားပြိုင်ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိတ်သတ်တွေအကြား လွှမ်းမိုးမှုအရှိဆုံးပွဲတစ်ပွဲဖြစ်ပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခွင့်ရချိန်ဟာ နိုင်ငံတစ်နိုင်ငံ၊ ကစားသမားတစ်ယောက်အနေနဲ့ ဂုဏ်ယူရဆုံးအခိုက် အတန့် တစ်ခုဖြစ်တယ်။ ယခုနှစ် အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို အရယူနိုင်လိုက်တဲ့ မက်ဆီ(Messi)ဟာ ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ အာဂျင်တီးနားမှာ မက်ဆီပုံနဲ့ ပီဆို ၁၀၀၀ ပိုက်ဆံရိုက်ထုတ်ဂုဏ်ပြုလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြား ပျံ့နှံ့လျက်ရှိပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ စာသားကောက်နှုတ်ချက်ပဲဖြစ်ပါတယ်။
“ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းကို ငွေစက္ကူထုတ်ပြီး ဂုဏ်ပြု
မက်ဆီပုံပါတဲ့ ပီဆို ၁၀၀၀ တန်အပြင် ၂၀၂၂ ကမ္ဘာ့ချန်ပီယံအသင်းသားတွေနဲ့ ငွေစက္ကူကို အာဂျင်တီးနား အစိုးရက တရား၀င်ထုတ်ပြီး ဂုဏ်ပြုလိုက်ပါတယ်။
Credit – Photo
#ChanViewsUK”

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
Google မှာ အဓိကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ နိုင်ငံတကာ မီဒီယာအများအပြားမှာလည်း Messi ရုပ်ပုံပါတဲ့ ပိုက်ဆံရိုက်မယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေတွေ့ပါတယ်။ အထူးသဖြင့် လူမှုကွန်ယက်တွေမှာ ဖြစ်ပါတယ်။ ဓာတ်ပုံဟာ မက်ဆီပရိတ်သတ်တစ်ဦးရဲ့ ဒီဇိုင်းလက်ရာဟာဖြစ်ပါတယ်။

အာဏာဂျင်တီးနား ဗဟိုဘဏ်တာ ဝန်ရှိသူတွေကလည်း မဟုတ်ကြောင်း ငြင်းဆိုပါတယ်။ သို့သော်လည်း ဘဏ္ဍာရေးနေ့စဉ်သတင်း El Financiero ကိုကိုးကားပြီး အာဂျင်တီးနား ဗဟိုဘဏ် တာဝန်ရှိသူတွေဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင်မှာ အစည်းအဝေး တစ်ခုမှာ အာဂျက်တီးနားပိုက်ဆံမှာ မက်ဆီရုပ်ပုံထည့်ဖို့ စိတ်ကူးကို ရယ်မောဖွယ်အနေနဲ့ အဆိုပြုခဲ့တာကနေ ပျံ့နှံ့လာဖြစ်ပါတယ်။
တကယ်တော့ အာဂျင်တီးနားဗဟိုဘဏ်တာဝန်ရှိသူတွေက မက်ဆီရုပ်ပုံနဲ့ အခုလိုပိုက်ဆံထုတ်မယ်ဆိုတာကို တရားဝင် ငြင်းဆိုပါတယ်။ အောက်ပါက screenshot ကတော့ Bloomberg Línea မှာ ဒီဇင်ဘာ ၂၂ ရက်က မက်ဆီပုံပါတဲ့ ငွေစက္ကူထုတ်မယ်ဆိုတာမဟုတ်ကြောင်း အာဂျင်တီးနားအာဏာပိုင်များက ငြင်းဆိုထားတဲ့ သတင်းကို မူရင်းစပိန်ဘာသာကနေ အင်္ဂလိပ်ဘာသာကို ပြန်ဆိုဖော်ပြချက်ဖြစ်ပါတယ်။ ဒီလင့်ခ်မှာလည်း ကြည့်ပါ။

မူရင်းလင်ခ့် – Bloomberg Línea | Archive link
သုံးသပ်ချက်
ကမ္ဘာ့ဖလားဗိုလ်စွဲတဲ့အထိမ်းအမှတ်အနေနဲ့ အာဂျင်တီးနားဗဟိုဘဏ်က အကြွေစေ့အချို့ ထုတ်ဝေထားရှိပြီးပေမဲ့ မက်ဆီရုပ်ပုံနဲ့ ပိုက်ဆံထုတ်ဝေမယ်ဆိုတာ မဟုတ်မှန်ကြောင်းငြင်းဆိုတာတွေ့ရပါတယ်။ မက်ဆီပုံနဲ့ စက္ကူဟာလည်း မက်ဆီပရိတ်သတ်တစ်ဦးရဲ့ စိတ်ကူးပုံဖော်ချက်သာဖြစ်ပါတယ်။