Fact Check: လက်ဝှေ့ကစားသမား ဖိုးသော်သေဆုံးတဲ့သတင်းမှား

Missing Context လူမှုရေး

လက်ဝှေ့ကစားသမားဖိုးသော် သေဆုံးသွားပြီလို့ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ကန်တော်ကြီးဝင်းအတွင်း ဗုံးပေါက်ခွဲမှုမှာ ဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာနဲ့  ဆေးရုံတက်ရောက်ကုသနေစဉ်မှာ စစ်တပ်က ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။

ဖိုးသော်ဟာ ဗုံးပေါက်ကွဲမှုကြောင့် စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်ပေမဲ့ သေဆုံးတဲ့သတင်းအထောက်အထားမျိုး မတွေ့ရပါဘူး။

 “ဖိုးသော် ဆုံးသွားပြီ

စိတ်မကောင်းဘူးညီ။

ဘယ်တတ်နိုင်ပါ့မလဲ

စစ်ကောင်စီရဲ့ ယုတ်မာမှုတွေကတော့ ငါတို့ပြည်သူတွေအတွက်တော့ ကမ္ဘမကြေပါပဲ။

ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းပါစေ။

😭😭😭

ဉာဏ်လှိုင်

7-5-2021”လို့ေရးသားပြီး “Jo Tiger”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင်ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ပို့စ်တွေဖြစ်တဲ့ ဒီနေရာဒီနေရာဒီနေရာမှာ တွေ့ရပြီး ဝက်ဘ်ဆိုဒ်စာမျက်နှာဖြစ်တဲ့ ဒီနေရာမှာလည်း ေတွ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ဖိုးသော်သေဆုံးသွားပြီဆိုတဲ့သတင်းတွေဟာ မေ ၇ ရက်မနက်ပိုင်းကစပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံနေခဲ့တာဖြစ်ပါတယ်။ဖိုးသော်သေဆုံးတယ်ဆိုတဲ့ သတင်းမျိုး အခြားသော သတင်းအဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မတွေ့ရပါဘူး။ သူသေဆုံးတယ်ဆိုတာ မဟုတ်ကြောင်း သူနဲ့နီးစပ်သူ ၂ ဦးက အတည်ပြု ချက်ပေးခဲ့တယ်လို့ မဇ္ဈိမသတင်းဌာနက မေ ၇ ရက်နေ့လည်ပိုင်းမှာ ဖော်ပြပါတယ်။ 

https://www.facebook.com/MizzimaDaily/posts/4356554641046074

မူရင်းလင်ခ့် – Mizzima BurmeseArchive link

နာမည်ကြီး လက်ဝှေ့သမား အောင်လှအန်ဆန်ကလည်း ဖိုးသော်အမြန်နေကောင်းပါစေကြောင်း မေ ၆ ရက်က ဆုတောင်းရေးသားထားတာတွေ့ရပါတယ်။ သို့သော်လည်း ဖိုးသော်သေဆုံးတဲ့သတင်းမျိုးမတွေ့ရပါဘူး။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ လက်ဝှေ့သမားဖိုးသော် ဗုံးထိမှန်ပြီး ဒဏ်ရာရရှိခဲ့တာမှန်ပေမဲ့ သေဆုံးတယ်ဆိုတဲ့အထောက်အထားမျိုးမရှိပါဘူး။

Avatar

Title:လက်ဝှေ့ကစားသမား ဖိုးသော်သေဆုံးတဲ့သတင်းမှား

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *