
ဟာသသရုပ်ဆောင် ဗေလုဝကွယ်လွန်ဆိုပြီး သတင်းမှားတစ်ခု ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါ တယ်။
“အနုပညာလောက ကိုနှုတ်ဆက်သွားခဲ့ပြီဖြစ်တဲ့ စစ်သူကြီး ဗေလုဝ
crd Lwin Moe”လို့ ရေးသားပြီး “Phyo”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။
အလားတူ ရေးသားမျှဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ မျှဝေခဲ့တာတွေ့ရပါတယ်။ ပြည်မြန်မာသတင်းဌာနကလည်း သရုပ်ဆောင်လွင်မိုးရဲ့ ဖေ့စ်ဘွတ်စတေ့တပ်ကို ကိုးကားပြီး ဗေလုဝကွယ်လွန်ဆို တဲ့ သတင်းကို မျှဝေခဲ့တာတွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
သရုပ်ဆောင်ဗေလုဝ ကွယ်လွန်သတင်းများမှာ မဟုတ်မှန်ဘဲ လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်း ၎င်းဇနီးဖြစ်သူ ဒေါ်စုစုခိုင်က ပြန်လည်ဖြေရှင်းထားတာတွေ့ရပါတယ်။
“အခုလည်း အဲဒါပဲဖြေနေရတယ်။ မဟုတ်ပါဘူး။ ကောလာဟလပါ။ ကျန်းမာရေးက ကောင်းပါတယ်။ စားနိုင်၊ သောက်နိုင်တယ်။ အိမ်ပေါ်မှာ ကျန်းမာရေးလုပ်။ ဘောလုံးပွဲတွေ ဘာတွေကြည့်။ အကောင်းအတိုင်းပါပဲ”လို့ ဒေါ်စုစုခိုင်က Mizzima ကိုပြောခဲ့တာတွေ့ရပါတယ်။
မူရင်းလင်ခ့် – Mizzima | Archive link
သရုပ်ဆောင်လွင်မိုးကလည်း သရုပ်ဆောင်ဗေလုဝ သေဆုံးသတင်းကို တင်ခဲ့ပြီးနောက် သတင်းမှားဖြစ်ကြောင်းနဲ့ မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ တင်ခဲ့ခြင်းဖြစ်ကြောင်းပြန်လည်ဖြေရှင်းထားပါတယ်။
ဗေလုဝကွယ်လွန်သတင်းတွေ ပျံ့နှံ့ခဲ့ပြီးနောက် Khin Cham Myae Thu အကောင့်ကနေ ဗေလုဝထိုင်နေပုံကို live ဗွီဒီယိုလွင့်ပြခဲ့တာလည်းတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ သရုပ်ဆောင် ဗေလုဝကွယ်လွန်ဆိုတဲ့သတင်းဟာ သတင်းမှားပျံ့နှံ့ခဲ့ခြင်းဖြစ် ပါတယ်။