Fact Check: ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံမဲဆူရင်း ဒုက္ခသည်စခန်း မီးလောင်ပုံကို ပေါက်မီးလောင်မှုအဖြစ်ဖော်ပြနေတဲ့ ဗွီဒီယို

False လူမှုရေး

ဇွန် ၁၅ ရက်နေ့က ပေါက်မြို့နယ် ကင်းမရွာအား စစ်တပ်ကမီးရှို့ခဲ့တဲ့ ဗွီဒီယိုလို့ရေးသားပြီးတော့ မြေစိုက်တဲအိမ် အချို့ မီးလောင်နေတဲ့ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်း များစွာကဖြန့်ဝေလျှက်ရှိပါတယ်။ 

သို့သော် ဒီဗွီဒီယိုဟာ ထိုင်းနိုင်ငံမှာ ဒုက္ခသည်စခန်းမီးလောင်မှုဖြစ်စဉ်က ဗွီဒီယိုဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။

 “ယနေ့(၁၅.၆.၂၁)နေ့တွင် ပေါက်မြို့နယ်ကင်းမရွာအား အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့များက မီးရှို့ခဲ့ရာ တစ်ရွာလုံးပြာကျ ခဲ့သည့် video။

Copy by Ko thu”စသည်ဖြင့် ရေးသားပြီး“Zayar Hlwanbo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထား ပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

 Google မှာ အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီးရှာဖွေရာမှာ တူညီတဲ့ ဗွီဒီယိုဖိုင်တစ်ခုကို ၂၀၁၃ ခုနှစ် မတ် ၂၈ ရက်က The Border Consortium အမည်နဲ့ youtube Channel မှာ မျှဝေထားတာ တွေ့ရပါတယ်။

ဗွီဒီယိုအောက်ခြေက စာသားအဖြစ် “မတ်လ ၂၂ ရက်၊ သောကြာနေ့၊ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွမ်ခရိုင်၊ ဘန်မဲဆူရင်း (ဆိုက် ၂) စခန်းတွင်သောကြာနေ့၊ ညနေ ၃ း ၁၅ နာရီဝန်းကျင်တွင်မီးလောင်မှု ကြောင့်ဒုက္ခသည် ၃၇ ဦး သေဆုံးခဲ့သည်။ အိမ်ခြေ ၄၀၀ ကျော်ပျက်စီးခဲ့ပြီးလူပေါင်း ၂၃၀၀ ခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ သည်”လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – The Border ConsortiumArchive link

၂၀၁၃ ခုနှစ်က မတ် ၂၂ ရက်က ထိုင်းနိုင်ငံ မဲဆူရင်းဒုက္ခသည်စခန်းမီးလောင်မှုအဖြစ် မျှဝေထားတဲ့ ဗွီဒီယိုနဲ့ ၂၀၂၁ ခုနှစ် ဇွန် ၁၅ ရက်က ပေါက်မြို့နယ် ကင်းမရွာမီးလောင်မှုအဖြစ် မျှဝေထားတဲ့ ဗွီဒီယိုက မြင်ကွင်းအချို့ကို အောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ပေါက်မြို့နယ် ကင်းမရွာမီးလောင်မှုအဖြစ်မျှဝေထားတဲ့ ဗွီဒီယိုဟာ ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံရှိ မဲဆူရင်း ဒုက္ခသည်စခန်းမီးလောင်မှုဗွီဒီယိုဖိုင်ဖြစ်တာတွေ့ရပါတယ်။

Avatar

Title:၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံမဲဆူရင်း ဒုက္ခသည်စခန်း မီးလောင်ပုံကို ပေါက်မီးလောင်မှုအဖြစ်ဖော်ပြနေတဲ့ ဗွီဒီယို

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *