
ဖေ့စ်ဘွတ်(Facebook)ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒေါ်လာ ၂ ဒသမ ၅ သန်းလာဘ်ထိုး ခဲ့တယ်လို့ ဖရန်ဆက်ဟော်ဂန် (Frances Haugen)က ပြောတယ်ဆိုပြီးတော့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂ ဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဒီလိုမျှဝေရာမှာ ဓာတ်ပုံစာသားအပြင် ပို့စ်ရဲ့ စာသားနေရာမှာ ဒေါ်အောင်ဆန်း စုကြည်၊ NLD ပါတီတို့ရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေလည်းပါဝင်ပါတယ်။
သို့သော်လည်း ဓာတ်ပုံဟာ ဖေ့စ်ဘွတ်ဝန်ထမ်းဟောင် တစ်ယောက်ဖြစ်တဲ့ ဖရန်ဆက်ဟော်ဂန်က အမေရိကန် လွှတ်တော်ဆီနိတ်ကော်မတီကို အောက်တိုဘာ ၅ ရက်နေ့က ကြားနာပွဲမှာတင်ပြစဉ်ဓာတ်ပုံဖြစ်ပြီး ဒီပွဲမှာ NLD အကြောင်းပြောခဲ့တာ မျိုးမတွေ့ရပါဘူး။
“NOVEM LYNN”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၉ ရက်မှာ မျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်ခဲ့ တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လာဘ်ထိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အချက်အပါအဝင် ရွှေတိဂုံဘုရားက ရွှေတွေယူတာ၊လာဘ်စားတာစတဲ့ စွပ်စွဲချက်တွေဟာ စစ်တပ်က အာဏာသိမ်းပြီး ၉ လနီးပါးရှိလာသည့်တိုင်အောင် စစ်တပ်ထိန်းချုပ်ထားတဲ့ တရားရုံးက စစ်ဆေးအတည်ပြု ထားခြင်းမရှိသေးပါဘူး။
“Facebook ကုမ္ပဏီအား NLD အစိုးရဘက်တော်သားများက ဒေါ်လာ (၂.၅)သန်းလာဘ်ထိုးခဲ့ဟု ဖရန်ဆက် ဟော်ဒန် သတင်းစာရှင်းလင်းပွဲတွင် ဖွင့်ဟခဲ့”လို့ရေးသားထားတဲ့ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာ ဖွေရာမှာ ဒီဓာတ်ပုံဟာ အမေရိကန်လွှတ်တော် စားသုံးသူရေးရာ ကာကွယ်ရေး ဆပ်ကော်မတီ ဆီနိတ် ကော်မတီကြားနာပွဲမှာ ဖရန်ဆက်ဟော်ဂန်ကတက်ရောက်ခဲ့ပုံဖြစ်ပါတယ်။
“စီးပွားရေး၊ သိပ္ပွနှင့် ပို့ဆောင်ရေး ဆိုင်ရာဆီနိတ်ကော်မတီရဲ့ “အွန်လိုင်းတွင် ကလေးများကို ကာကွယ်ခြင်း” ခေါင်းစဉ်နဲ့ ကြားနာပွဲတွင် ဖေ့စ်ဘွတ်ဝန်ထမ်းဟောင်းနှင့် ဖေ့စ်ဘွတ်ရဲ့သတင်းပေးသူ ဖရန်ဆက်ဟော်ဂန် ထွက်ဆိုခဲ့ပါတယ်။ Capitol Hill မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၅ ရက်ကထွက်ဆိုမှုဖြစ်သည်။ Jabin Botsford/ Pool via Getty Images”လို့ ဓာတ်ပုံစာအဖြစ် ရေးသားပြီး NBC News ကဖော်ပြပါတယ်။

မူရင်းလင်ခ့် – NBCnews | Archive link
အဓိကကျတဲ့ စကားလုံးအသုံးပြုပြီး အကြောင်းအရာကို ထပ်မံဖွေကြည့်ရာမှာ အောက်တိုဘာ ၅ ရက်နေ့က ကြားနာပွဲမှာ ဖရန်ဆက်ဟော်ဂန်က ဖေ့စ်ဘွတ်ဟာ သုံးစွဲသူတွေ ဘေးထက်ဆိုးကျိုး ကို ကာကွယ်ရေးထက် အကျိုးအမြတ်ကို အဓိကထားပြီးဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲ သင့်တဲ့အကြောင်းအရာ တွေကို ဆွေးနွေးခဲ့တာတွေ့ရပါတယ်။ ဒီဆွေးနွေးပွဲဟာ ၃ နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီး ဒီပွဲမှာ NLD အကြောင်း ပြောခဲ့တာမျိုးမတွေ့ ရပါဘူး။
ကြားနာပွဲမှာပြောကြားချက်အပြည့်အစုံကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ Facebook ကို NLD အစိုးရက ဒေါ်လာ (၂.၅)သန်းလာဘ်ထိုးခဲ့ဟု ဖရန်ဆက် ဟော်ဒန်ပြောတယ်ဆိုပြီးတော့ မျှဝေနေတာဟာ အထောက်အထားမရှိပါဘူး။

Title:Facebook ကို NLD က ဒေါ်လာ ၂ ဒသမ ၅ သန်းလာဘ်ထိုးခဲ့တယ်လို့ Frances Haugen ကပြောနေတာလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: False