Fact Check:  Taylor Swift သေဆုံးမှု သတင်းတုသတင်းမှားသာဖြစ်တယ်

Misleading နိုင်ငံတကာ၊ | International

အမေရိကန်အဆိုတော် Taylor Swift မိမိကိုယ်မိမိအဆုံးစီရင်သွားတယ်ဆိုပြီးတော့  ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။

တကယ်တော့ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။

“Breaking News အမေရိကန်အဆိုတော် Taylor Swift မိမိကိုယ်မိမိအဆုံးစီရင်သွား”လို့ရေးသားထားသလို “အမေရိကန်နာမည်ကြီးအဆိုတော် Taylor Swiftသည်  ယနေ့ New York စံတော်ချိန် မနက် ၈ နာရီ (မြန်မာစံတော်ချိန် ည ၆နာရီခွဲ) ခန့်က ရုတ်တရက် မိမိကိုယ်မိမိ အဆုံးစီရင်သွားကြောင်းသိရသည်။ အတူနေထိုင်သူများ၏ ပြောကြားချက်အရ သေကြောင်းမကြံခင်က ၎င်းသည် ရုပ်သံလိုင်းတစ်ခုမှ ဖျော်ဖြေရေးအစီအစဉ်များကို စိတ်ဝင်တစား ကြည့်ရှု‌နေခဲ့သေးကြောင်း၊ ၎င်းတွင် စိတ်ညစ်စရာရှိသည်ဟု မကြားဖူးသေးကြောင်း ပြောကြားသည်။ Taylor Swift သည် သေဆုံးချိန်၌ အသက် ၃၂နှစ် ခန့်သာရှိသေးပြီး သန်း ၄၀၀ကျော် ချမ်းသာသည့် အောင်မြင်ကျော်ကြားနေသော အနုပညာရှင်တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။ Source; CNM Photo Credit; Google”စသည်ဖြင့်လည်းရေးသားထားပါတယ်။

“We Check” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီ ၁၄ ရက်ကအောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၀၀၀ ဝန်းကျင်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

Google မှာ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ Taylor Swift သေဆုံးမှုသတင်းမတွေ့ရပါဘူး။ သူမရဲ့ ချစ်သူက သူမနဲ့ ဆက်ဆံရေးအကြောင်း ဧပြီ ၁၆ ရက်နေ့မှာ မှတ်ချက်ပေးထားကို နိုင်ငံတကာသတင်းတွေမှာနောက်ဆုံးတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

အပြောင်အပျက်သဘောမျိုးနဲ့ မျှဝေထားတဲ့ သူမသေဆုံးမှု သတင်းကို နိုင်ငံတကာမှာလည်း ပျံ့နှံ့ခဲ့တာတွေ့ရပြီး Taylor Swift ရဲ့ ကိုယ်စားလှယ်တွေက သူမနေကောင်းကျန်းမာကြောင်း သောကြာနေ့(ဧပြီ ၁၅ ရက်)မှာ အတည်ပြုတယ်လို့ Mediamass က ဆိုပါတယ်။

“နာမည်ကြီးသူတွေ တသီတတန်းကြီးနဲ့ ဒီသတင်းတုမှာ သူမဟာလည်း ပါဝင်ခဲ့ပါတယ်။ သူမ ကျန်းမာသက်ရှင်လျက်ပါ။ အင်တာနက်မှာ တွေ့တာတွေကို မယုံကြပါတော့နဲ့”လို့ သူတို့က ပြောပါတယ်။

မူရင်းလင်ခ့် – MediamassArchive link  

သုံးသပ်ချက်

အမေရိကန်အဆိုတော် Taylor Swift မိမိကိုယ်မိမိအဆုံးစီရင်သွားတယ်ဆိုပြီးတော့မျှဝေထားတဲ့ သတင်းဟာ သတင်းတုသတင်းမှားသာဖြစ်ပါတယ်။

Avatar

Title:Fact Check: Taylor Swift သေဆုံးမှု သတင်းတုသတင်းမှားသာဖြစ်တယ်

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *