NUGနဲ့ PDFတွေကို ထောက်ပံ့နေတဲ့မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို မလေးရဲတပ်ဖွဲ့က ဖမ်းဆီးမှု ဆိုပြီးတော့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာဟာ သတင်းမှားတခုဖြစ်တယ်။ ဗွီဒီယိုထဲမှာ အမျိုးသား အတော်များများဟာ ရဲစခန်းတခုလို့ထင်ရတဲ့ အဆောက်အဦးလျှောက်လမ်းမမှာ ထိုင်လျှက် လမ်းလျှောက်ပြီး အခန်းတခုထဲကို ဝင်ရောက်သွားတဲ့ မြင်ကွင်းကို မြင်တွေ့ရပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

“NUGနဲ့ PDFတွေကို ထောက်ပံ့နေတဲ့မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို မလေးရဲအဖွဲ့မှ ဖမ်းဆီးတဲ့ video file လို့ သိရတယ်။ မြင်ရတာတွေက အသည်းနာလှပါတယ်။ ကိုယ့်နိုင်ငံသားတွေဆိုတော့ တခြားသူတွေ ဖိနှိပ်တာမြင်ရင် စိတ်ထဲမှာ ဘယ်လိုမှ မခံနိုင်ဘူး။ မြင်ရတာစိတ်လည်းမကောင်းဘူး။”

C:-Users-User-Downloads-screenshot-www.facebook.com-2024.06.03-15_57_01.png

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီလို ဖြန့်ဝေလာချိန်ဟာ မလေးရှားမှာ မြန်မာအလုပ်သမား ၂၀၀ ‌ကျော်ကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးမှုနဲ့ တိုက်ဆိုင်နေပါတယ်။ ဒီလိုအခြေအနေမှာ စစ်တပ်ဝါဒဖြန့်ချိရေး ယန္တရားတွေဖြစ်တဲ့ “မှိုင်းဝေ”နဲ့ “MHT News”စတဲ့ ဝါဒဖြန့်ချိရေးနေရာတွေကနေ အာဏာသိမ်းမြန်မာစစ်တပ်ကို ဝေဖန်လေ့ရှိတဲ့ မလေးရှားနိုင်ငံနဲ့ NUG၊ PDF တွေကို တိုက်ခိုက်တဲ့အနေနဲ့ ဖြန့်ချိလာတာတွေ့ရပါတယ်။ ဒီအတွက်ကြောင့်လည်း အချို့သော မြန်မာဘာသာနဲ့ တစ်တော့ သုံးစွဲသူတွေက မြန်မာတွေ အနှိမ်ခံရတာကို မခံမရပ်နိုင်ဖြစ်ရကြောင်း မူလဗွီဒီယိုမှာလည်း ဝင်ရောက် မှတ်ချက်ရေးသားနေကြတာတွေ့ရပါတယ်။

တကယ်တော့ ဒီဗွီဒီယိုကို အင်ဒိုနီးရှားက ရဲအရာရှိတဦးရဲ့ တစ်တော့(tiktok)အကောင့်က မျှဝေထားတဲ့ ဗွီဒီယိုကို လိုအပ်သလို ပြန်လည်ရေးသားမျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ မတ် ၁၇ ရက်က မူလတင်ထားတဲ့ ဗွီဒီယိုမှာ အင်ဒိုနီးရှာ ဘာသာစကား “ဘာကြောင့်လုပ်ရတယ်ဆိုတာ သိကြလား”လို့ရေးသားပြီး “မူးယစ်ဆေးဝါး ဆန့်ကျင်ကြ”လို့ လည်း အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားထားပါတယ်။ ဒီအပြင် အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမှာရှိတဲ့ Jambi ရဲစခန်းကိုလည်း tag တွဲထားတာတွေ့ရပါတယ်။ တစ်တော့မှာ မူရင်း ဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီဗွီဒီယိုကို တင်ထားတဲ့ ရဲအရာရှိကပဲ ဘာလို့ သူတို့ကို ဒီလိုလုပ်ရတာလဲဆိုတဲ့ တစ်တော့အသုံးပြုသူတွေ အမေးကို မူးယစ်ဆေးဝါးသုံးလို့ ဖမ်းခံရတာလို့ ပြန်ဖြေထားပါတယ်။

C:-Users-User-Downloads-screenshot-www.tiktok.com-2024.06.03-20_09_59.png

သုံးသပ်ချက်

ဒီဗွီဒီယိုဟာ အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်‌‌‌ဆေးဝါးသုံးစွဲမှုကြောင့် အဖမ်းခံရသူတွေကို အင်ဒိုနီးရှားရဲအရာရှိ တယောက်က တင်ထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။ ဒီဗွီဒီယိုကို အသုံးပြုပြီး NUGနဲ့ PDFတွေကို ထောက်ပံ့နေတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို မလေးရဲတပ်ဖွဲ့က ဖမ်းဆီးမှုဗွီဒီယိုအဖြစ် မျှဝေနေခြင်းဖြစ်တယ်။

Avatar

Title:Fact Check: NUGနဲ့ PDFကို ထောက်ပံ့တဲ့မလေးရှားရောက် မြန်မာတွေကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးမှုဗွီဒီယိုလား - မဟုတ်ပါ

Written By: Zun Zee

Result: False