
iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ လူအယောက် ၁၀၀ ကို ဝတ်မှုံရွှေရည်က ပေးမယ်လို့ ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်ကပေးမယ်လို့ဆိုထားတဲ့ live ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပြီးခဲ့တဲ့ ၃ နှစ်က ဗွီဒီယိုဟောင်းတစ်ခုကို အသုံးပြုပြီး ပြန်လည်မျှဝေနေ ခြင်းဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ live ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
“ပုံထဲက နံပါတ်တွေကို မှန်မှန်ကန်ကန် ခန့်မှန်းတဲ့ ကံထူးရှင် အယောက် ၁၀၀ ကို $20,000 နဲ့ iPhone 13”

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
တကယ်တော့ ဒီဗွီဒီယိုဟာ လွန်ခဲ့တဲ့ ၃ နှစ်ဖြစ်တဲ့ ၂၀၂၀ ခုနှစ်က ဇူလိုင် ၂၃ ရက်က သရုပ်ဆောင် ဝတ်မှုန်ရွှေရည် ရဲ့ “Wutt Hmone Shwe Yi”ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုဖြစ်တယ်။ အောက်ပါစာသားကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက live ဗွီဒီယိုကို စခရင်ရှော့ ရယူထားတာဖြစ်တယ်။ မူရင်းလင့်ခ်ကို ဒီမှာကြည့်ပါ။
“မတွေ့တာကြာလို့ ပေါ့ပေါ့ပါးပါးလေး စကားပြောကျမယ်”လို့ ပို့စ်စာသားမှာ ရေးသားထားပြီး အင်စတာဂရန်မှာ ဖော်လိုဝါ ၁ သန်းပြည့်အနေနဲ့ သူတင်ထားတဲ့ ဓာတ်ပုံတပုံအောက်မှာ မှတ်ချက်ရေးခဲ့တဲ့သူတွေထဲက ၇ ယောက်ကို အထူးအစီအစဉ်တခုလုပ်ပေးမယ့်အကြောင်း ဒီ live ဗွီဒီယိုမှာပြောကြားခဲ့တာတွေ့ရပါတယ်။

သုံးသပ်ချက်
တကယ်တော့ ဒီဗွီဒီယိုဟာ လွန်ခဲ့တဲ့ ၃ နှစ်ဖြစ်တဲ့ ၂၀၂၀ ခုနှစ်က ဇူလိုင် ၂၃ ရက်က သရုပ်ဆောင် ဝတ်မှုန်ရွှေရည် ရဲ့ “Wutt Hmone Shwe Yi”ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုကို ရယူပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက လူ အယောက် ၁၀၀ ကို iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ ပေးနေသယောင် လိမ်လည်လှည့်စားထားခြင်းဖြစ်တယ်။
ပြောဆိုချက်- သရုပ်ဆောင် ဝတ်မှုန်ရွှေရည်က iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ လူအယောက် ၁၀၀ ကိုပေးမယ်

Title:Fact Check: iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ လူအယောက် ၁၀၀ ကို ဝတ်မှုံရွှေရည်က ပေးမယ်ဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: False