
မန္တလေးဆန္ဒပြခေါင်းဆောင်ကိုတေဇာဆန်းကို ဖမ်းဆီးပြီး သေနတ်နဲ့ပစ်သတ်တယ်လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ တကယ်တော့ ဒီသတင်းဟာ မှားယွင်းပါတယ်။
“အခုလေးတင်ဖြစ်သွားတာ ကိုတေဇဆန်း ကောင်းရာ ဘဝ ရောက်ပါစေဗျာ”လို့ ရေးသားပြီး ကိုတေဇာဆန်းကို ဖမ်းဆီးပြီး ပစ်သတ်လိုက်တယ်လို့လည်း “News218Media”အမည်နဲ့ ဘလော့စာမျက်နှာက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
မေ ၂၉ ရက်က ကိုတေဇာဆန်းကိုဖမ်းဆီးပြီး ပစ်သတ်ခံရတယ်လို့ ရေးသားထားပေမဲ့ မန္တလေးက သပိတ် စစ်ကြောင်းဦးဆောင်သူ ကိုတေဇာဆန်းဟာ သူ့ရဲ့ဖေ့စ်ဘွတ်မှာ မေ ၃၀ ရက်အထိ မန္တလေးမှာ ပုံမှန်သပိတ်စစ်ကြောင်းတွေ ထွက်နေဆဲဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
အခြားသော မီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ လွတ်လပ်သော သတင်းမီဒီယာတွေမှာလည်းကို တေဇာဆန်း ဒီလိုဖမ်းဆီးသတ်ဖြတ်ခံရတယ်ဆိုတဲ့ ဖော်ပြချက်မျိုးတစ်စုံတစ်ရာ မတွေ့ရှိရပါဘူး။

မူရင်းလင်ခ့် – Tayzar San | Archive link
News218Media အမည်နဲ့ဘလော့ဂ်ကိုလေ့လာကြည့်ရာမှာ လူမှုကွန်ယက်စာမျက်နှာပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ အကြောင်းအရာတွေကို ပြန်လည်မျှဝေနေခြင်းဖြစ်ပြီး စာကိုယ် သို့မဟုတ် အဓိကအကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ခေါင်းစဉ်တွေတပ်ပြီး စာဖတ်ပရိတ်သတ်ကို လှည့်စားစွဲဆောင်ဖို့လုပ်ဆောင်ထားတဲ့ စာမျက်နှစ်တစ်ခုဖြစ်တွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ကိုတေဇာဆန်းကို ဖမ်းဆီးပြီး ပစ်သတ်တယ်ဆိုပြီးတော့ ရေးသား မျှဝေနေမှုဟာ သတင်းတု သတင်းမှားဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

Title:မန္တလေးဆန္ဒပြခေါင်းဆောင် ကိုတေဇာဆန်း ပစ်သတ်ခံရလို့ သတင်းတု သတင်းမှားဖြန့်
Fact Check By: Zun ZeeResult: False