
ရန်ကုန်တိုင်းရုံးပေါက်ကွဲမှုမှာ ဗိုလ်ချုပ် ၃၀ ဦးသေဆုံးခဲ့တယ်လို့ဆိုထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။
အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။
“ရန်ကုန်တိုင်းစစ်ဌာနချုပ်ဆဖါက်ခွဲမှုဗိုလ်ချုပ်(၃၀)သေ
မအလနဲ့စိုးဝင်း ထိပ်တိုက်တွေ့ပြီးချကုန်ပြီဟေ့”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေလေ့ ရှိတဲ့ ချန်နယ် တခုဖြစ်တာ တွေ့ရပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက် စိစစ်ဖော်ပြခဲ့တာရှိပါတယ်။ ဒီမှာကြည့်ပါ။
အခုလည်း ဗွီဒီယိုပါသတင်းဟာ Ayeyarwaddy Times ကဖော်ပြခဲ့တဲ့ “ရန်ကုန်တိုင်းရုံးပေါက်ကွဲမှုတွင် ဗိုလ်မှူးအဆင့်ရှိသူများအပါအဝင် စစ်ဗိုလ်အရာရှိ ၂၈ ဦးသေဆုံး”ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်တယ်။ မတ် ၂၂ ရက်က ရန်ကုန်တိုင်းရုံပေါက်ကွဲမှုနောက်ဆက်တွဲအဖြစ်ဖော်ပြတဲ့ ဒီသတင်းထဲမှာ ဗိုလ်ချုပ်အဆင့်ရှိသူတွေ ထိခိုက်မှုရှိတယ်ဆိုတဲ့ဖော်ပြချက်မပါသလို အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၅ မှူး) ဒုဗိုလ်ချုပ်ကြီးသက်ပုံနှင့်အဖွဲ့ကို ဦးတည်တဲ့ ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ပေါက်ခွဲတိုက်ခိုက်ခံ ရမှုမှာ ဗိုလ်မှူးအဆင့်ရှိသူတွေနဲ့ စစ်ဗိုလ်အရာရှိတွေ ထိခိုက် သေဆုံးမှုရှိတယ်လို့သာဖော်ပြခဲ့ပါတယ်။ မူလသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
Ayeyarwaddy Times ကဖော်ပြခဲ့တဲ့ ရန်ကုန်တိုင်းရုံးပေါက်ကွဲမှုမှာ ဗိုလ်မှူးအဆင့်ရှိသူတွေအပါအဝင် စစ်ဗိုလ်အရာရှိ ၂၈ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကို လိုအပ်သလို သတင်း ခေါင်းစဉ်တုတပ်ထားတယ်။ လ်မှူးအဆင့်ရှိသူအပါအဝင် စစ်ဗိုလ်အရာရှိ ၂၈ ဦးထိခိုက်သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကို ချဲ့ကား ရေးသားထားတဲ့ သတင်းခေါင်းတပ်ဖြန့်ချိထားခြင်းဖြစ်တယ်။
ပြောဆိုချက်- ရန်ကုန်တိုင်းရုံးပေါက်ကွဲမှုမှာ ဗိုလ်ချုပ် ၃၀ ဦးသေဆုံး

Title:Fact Check: ရန်ကုန်တိုင်းစစ်ဌာနချုပ်ဖောက်ခွဲမှု ဗိုလ်ချုပ် ၃၀ ဦးသေဆုံးတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု
Fact Check By: နေရာမောင်Result: False