Fact Check: နေပြည်တော်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

False နိုင်ငံ‌ရေး

နေပြည်တော်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်လို့ စစ်ကောင်စီက နေပြည်တော်ကို လက်လွတ်ဆုံးရှုံးလိုက်ရတယ်ဆိုတဲ့ ဗွီဒီယိုယူကျူ့ချန်နယ်တခုက ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိ ပါတယ်။ သတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“၁၃ရက်နေ့ မအလပြေးပြီ နေပြည်တော်တစ်မြို့လုံးလက်လွှတ်လိုက်ရပြီဟေ့ ညီနောင်မဟာမိတ်(၃)ဖွဲ့ အလံ စိုက်ထူလိုက်ပြီ ရန်ကုန်ခေတ်သစ်တရားဝင်အတည်ပြုပြီ ”စသည်ဖြင့်ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Yotube link | Archive link

ဒီယူကျူ့ချန်နယ်ကပဲ နေပြည်တော်လေတပ်ဌာနချုပ် ရဟတ်ယာဉ်ကွင်းကို  ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် ရဟတ်ယာဉ် ၅ စီးမီးလောင်ပြာကျသွားပြီ၊ ရန်ကုန်စစ်ဌာနချုပ် ညကအင်အား အလုံးအရင်းနဲ့ ဝင်သိမ်း လိုက်ပြီးစသည်ဖြင့် ရေးသားဖြန့်ဝေထားရာမှာ အများအပြားက ဒီဗွီဒီယိုတွေကို ကြည့်ရှူ့ထားပါတယ်။ ဒီနေရာနဲ့ဒီနေရာမှာကြည့်ပါ။ 

အချက်အလက်စိစစ်ချက်

အဓိကအားဖြင့် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဗွီဒီယိုကို ဖြန့်ချိနေတဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်တု တွေတပ်ပြီး ဗွီဒီယိုပုံစံပြုလုပ်ပြီး ပြန်လည်ဖြန့်ချိနေတာတွေ့ရပါတယ်။

တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မော်လူးမြို့ကို KIA ၊ PDF ၊ ABSDF အပါအဝင် တော်လှန် ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်”၊ “ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းကို ယနေ့ နံနက်အစောပိုင်း PDF၊ KNLA အပါအဝင် တော်လှန်ရေး တပ်များက တိုက်ခိုက်သိမ်းပိုက် ၊ စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်နေ”၊ “ရေဖြူတွင် နယ်ထိန်း ဒုရဲအုပ် နေမင်းအောင်နဲ့ ရဲတပ်ဖွဲ့

ဝင်တွေ စီးနင်းလာသည့် ကား ပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦးလုံး သေဆုံး”၊ “လတ်တလော တွေ့မြင် နေရသော သတင်းတချို့ကြောင့် မြန်မာပြည်သူများ စိုးရိမ် ပူပန်မှုများရှိနေသည့်အပေါ် သိရှိထားပြီး စိတ်မပူကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်၊ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ရည်မှန်းချက်ကို မည်သည့်အခါမှ လျစ်လျူရှုမည်မဟုတ်ဟု ကြေညာ”စတဲ့ သတင်းတွေသာပါဝင်တယ်။

သုံးသပ်ချက်

သတင်းမီဒီယာအချို့ကမှာဖော်ပြခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်မှုသတင်းတွေနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီနဲ့ ဆွေးနွေးပွဲအ‌ပေါ် စိတ်မပျက်ဖို့ ထုတ်ပြန်ချက်သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ နေပြည်တော်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့(ဝါ) မြောက်ပိုင်းညီနောင် ၃ ဖွဲ့က သိမ်းလိုက်ပြီဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- နေပြည်တော်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ပြီး အလံလွှင့်ထူလိုက်ပြီ

Avatar

Title:Fact Check: နေပြည်တော်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *