Fact Check: တောင်ငူထောင်မှာအကျဉ်းသား ၉၀ ထွက်ပြေးတယ်ဆိုတဲ့ချဲ့ကားထားတဲ့ သတင်းမှား

Misleading နိုင်ငံရေး | Politics

တောင်ငူထောင်ကနေ အကျဉ်းသား (၉၀ )ထွက်ပြေးလွတ်မြောက်သွားပြီး စစ်ကောင်စီဘက်မှ စစ်သား (၃၀)ပစ်သတ်ခံရကာ သေနတ် (၄)လက် လုယူသွားတယ်ဆိုတဲ့ ဗီဒီယိုပို့စ်တခု လူမူကွန်ယက်စာမျက်နှာမှာ ယနေ့ ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ မူရင်းသတင်းအမှန်ကို ချဲ့ကားပြီး သတင်းတု ပြန်လည် ဖန်တီးထားတာကို တွေ့ရပါတယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့  ဗွီဒီယိုရုပ်ကတ်ထဲမှာ “၁၉ ရက်နေ့တောင်ငူထောင် မီးလောင်ပြီ အကျဉ်းသား (၉၀)ထွက်ပြေးလွတ်မြောက် စစ်ခွေး (၃၀)ပစ်သတ် သေနတ် (၄)လက်လုယူ” စသဖြင့် Bestss Videos အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာ အောက်ပါတိုင်း တွေ့ရပါတယ်။

မူရင်းလင်ခ့် –FB link  | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာတော့ တောင်ငူထောင်မှာ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးက ထောင်တံခါးကို ခြေဖြင့်ကန် တိုးထွက် သေနတ်လုယူ ထွက် ပြေးခဲ့ပြီး ၉ ဦး လွတ်မြောက်သွားတယ်ဆိုပြီးတော့ ဖော်ပြပါတယ်။ ဒီလိုထွက်ပြေးစဉ်မှာ အပြန်အလှန်ပစ်ခတ် မှုဖြစ်ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ယောက်သေဆုံးခဲ့သလို ထွက်ပြေးခဲ့ကြတဲ့ အကျဉ်းသားထဲကလည်း ၁ ယောက်ပြန်လည်ဖမ်းမိသေဆုံးခဲ့တယ်လို့ ရန်ကုန်ခေတ်သစ် သတင်းဌာနကဖော်ပြပါတယ်။

https://www.facebook.com/khitthitnews/posts/596612332566377

အခြားသောသတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေဖြစ်တဲ့  Ayeyarwaddy Times နဲ့ DVB TV News တို့ မှာလည်း ဒီလို တောင်ငူထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၁၀ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြောင်းဖော်ပြ ချက် သတင်းကိုတွေ့ရပါတယ်။ DVB TV News ကဖော်ပြချက်မှာတော့ ထွက်ပြေးသွားတဲ့ အကျဉ်းသား ၁၀ ဦးအနက် ၁ ဦးပြန်လည်အဖမ်းခံရစဉ်သေဆုံးခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က တပ်ကြပ် ၁ ဦးသေဆုံး၊ ရဲ  ၁ ယောက်၊ ထောင်ဝန်ထမ်း ၁ ‌ယောက် ဒဏ်ရာရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

သုံးသပ်ချက်

တောင်ငူထောင်မှာ ဖမ်းဆီးထားသော အကျဉ်းသား ၉ ထွက်ပြေးလွတ်မြောက်ပြီး စစ်ကောင်စီဘက်မှ စစ်သား  ၃ ပစ်သတ်ခံရကာ သေနတ် ၄ လက်ပါသွားတယ်ဆိုတဲ့ သတင်းကို သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာအချို့မှာဖော်ပြချက်တွေ့ရပါတယ်။ အခုဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာတော့ ဒီသတင်းဌာနတွေက ရေးသားဖော်ပြထားတဲ့ မူရင်း သတင်းမှန်ကိုပဲ အယောက် ၉၀ ထွက်ပြေး၊ စစ်ကောင်စီဘက်က ၃၀ ပစ်သတ်ခံရတဘ်ဆိုပြီး ပုံစံဖျက်ချဲ့ကားပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပြောဆိုချက်- တောင်ငူထောင်မှာ ဖမ်းဆီးထားသော အကျဉ်းသား (၉၀ )ထွက်ပြေးလွတ်မြောက်

Avatar

Title:Fact Check: တောင်ငူထောင်မှာအကျဉ်းသား ၉၀ ထွက်ပြေးတယ်ဆိုတဲ့ချဲ့ကားထားတဲ့ သတင်းမှား

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *