
မင်းအောင်လှိုင် သေမဲ့ရက်ဟောလို့ ကိုရင်လေးကို သေဒဏ်ပေးဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကြေညာပြီဆိုပြီး ဖေ့စ်ဘွတ်နဲ့ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
“မင်းအောင်လှိုင် သေမဲ့ရက် ဟောတဲ့ ကိုရင်လေးကို သေဒဏ်ပေးမှာလား ဗိုလ်ချုပ် ဇော်မင်းထွန်း ကြေညာပြီ”
အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဗွီဒီယိုထဲမှာ လူမှုကွန် ယက်မှာ ရေပန်းစားနေတဲ့ အရှင်ဥတ္တမသာရဆိုတဲ့ ကိုရင်လေးအကြောင်းကို အွန်လိုင်းအသုံးပြုသူတွေ စိတ်ဝင်စားမှုမြင့်တက်နေချိန်မှာ အခုလိုမျိုးခေါင်းစဉ်တုဖန်တီးထားခြင်းဖြစ်တယ်။
ဒီဗွီဒီယိုထဲမှာပဲ ဒီကိုရင်လေးဟာ စစ်ခေါင်းဆောင်သေမဲ့ရက်ကို အခြားသူတဦးက မြှောက့်ပင့်မေးတာကြောင့် ဟောကြားလိုက်တဲ့အကြောင်း၊ ဒီလိုပြောလိုက်တဲ့အတွက် ကိုရင်လေးအနေနဲ့ အနေကြပ်သွားတဲ့ အကြောင်း။ လူတွေအနေနဲ့ ဒီလိုမလုပ်သင့်တဲ့အကြေင်း စသည်ဖြင့် ပြောကြားချက်သာပါဝင်တယ်။ ဒီပြောဆိုချက်နဲ့ ပတ်သတ်တဲ့ အထောက်အထား Fact Crescendo အနေနဲ့ မတွေ့ရသေးပါဘူး။ စစ်တပ်က ဖမ်းဆီးတာ ထောင်ချတာမျိုးလည်းမတွေ့ရပါဘူး။ အခုဗွီဒီယိုထဲမှာလည်း ဒီလို စစ်တပ်က သေဒဏ်ပေးတဲ့အကြောင်းဖြစ်စေ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ဒီကိုရင်လေးအကြောင်းဖြစ်စေ ပြောကြားမှုလည်းမပါဝင်ပါဘူး။
အခုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ ဖေ့စ်ဘွတ်မှာ ရေပန်းစားတဲ့အကြောင်းအရာတွေကို လူတွေက မှတ်ချက်ပေးတာ၊ ပို့စ်တင်ရေးသားတာတွေကို ခေါင်းစဉ်တုတပ်ပြီး ပုံဖျက်ရေးသား၊ ထင်ယောင်ထင်မှား ပြန်လည်ဖြန့်ဝေတာတွေလုပ်နေတဲ့ မျက်နှာဖြစ်တာတွေ့ရပါတယ်။ အရင်က Cele Corner 1M အမည်နဲ့ ဒီယူကျူ့ ချန်နယ်ဟာ တက်သစ်စ အဆိုတော် Anonimus နဲ့ ပတ်သက်ပြီးတော့လည်း သတင်းတုအမြောက် အများဖြန့်ချိခဲ့တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုကို ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်
တရားဟောကောင်းတဲ့ ကိုရင်လေးအဖြစ် လူမှုကွန်ယက်မှာ ရေပန်းစားနေတဲ့ အရှင်ဥတ္တမသာရနဲ့ ပတ်သက်ပြီး မှတ်ချက်တခုကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ ဒီလိုဖြန့်ချိရာမှာလည်း စစ်ခေါင်းဆောင်ရဲ့ သေမဲ့နေ့ ဟောလို့ စစ်တပ်က ဖမ်းဆီးပြီး သေဒဏ်ချသယောင် ခေါင်းစဉ်တုတပ်ဖြန့်ချိနေခြင်းဖြစ်တယ်။
ပြောဆိုချက်- မင်းအောင်လှိုင်ကို သေမဲ့ရက်ဟောလို့ ကိုရင်လေးကို သေဒဏ်ပေး

Title:Fact Check: စစ်ခေါင်းဆောင်သေမဲ့ရက်ဟောလို့ ကိုရင်လေးကို စစ်တပ်က သေဒဏ်ပေးတဲ့ သတင်းတု
Written By: နေရာမောင်Result: False