Fact Check: မြောက်ဦးနန်းမြို့ရိုးဟောင်းအား AA ဗုံးခွဲဖျက်ဆီးခဲ့သလား

False နိုင်ငံရေး | Politics

ရှေးဟောင်းအမွေအနှစ် မြောက်ဦးနန်းမြို့ရိုးဟောင်းကို ရခိုင့်တပ်တော်(AA)က ဗုံးဖောက်ခွဲပြီး ဖျက်ဆီးပစ် တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိရာနားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာမတွေ့ရပါဘူး။

“AA မှ မြောက်ဦးနန်းမြိုရိုးဟောင်းအား ဗုံးခွဲဖျက်ဆီး

မြောက်ဦး နန်းမြိုရိုးဟောင်းကို AA က ဒီမနက် ၉ နာရီ ၂၀ ခန့်က ဗုံးခွဲခဲ့တာဖြစ်ပါတယ်။ AA က ရခိုင်ရိုးရာ ရှေးဟောင်းအမွေအနှစ်ကို အခုလို ဖောက်ခွဲဖျက်ဆီးတာဖြစ်ပါတယ်။

မြောက်ဦးမြိုထဲမှာလည်း AA အဖွဲတွေ အများအပြားရောက်ရှိနေပြီး မြောက်ဦးမြိုကို မီးရှိဖို လုပ်နေတယ်လို သိရတယ်။ ဒီလုပ်ရပ်တွေကို AA က လုပ်ပြီး တပ်က လုပ်တယ်ဆိုပြီး မဟုတ်မမှန် ဝါဒဖြန့်မှုတွေကိုပါ လုပ်ဆောင်နေတယ်။ ပြီးခဲ့တဲ့ ရက်ကလည်း ထွန်းမြတ်နိုင် ကလည်း တပ်က အရပ်ဘက်ပစ်မှတ်တွေကို ပစ်မှတ်ထားနေတယ်ဆိုပြီး ပြောဆိုထားတာနဲ့မကြာခင်မှာ AA က အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်နေတာဟာ တပ်ကိုလွှချဖိုအတွက် အစီအစဉ်တကျလုပ်ခဲ့တာပါ။ AA ဟာ ဘင်္ဂါလီတွေနဲ့ ပေါင်းပြီး ဘင်္ဂါလီတွေရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း သူတိုလုပ်ပြီး တပ်ကို လွှချတဲ့ အကွက်တွေ လုပ်နေပြီဖြစ်ပါတယ်။ မြောက်ဦးအပါအဝင် ရခိုင်ပြည်သူတွေအနေနဲ့A ရဲ့ လုပ်ရပ်တွေကို အထူးသတိပြုကြဖိုလိုပါတယ်။

#MDYimage

https://t.me/naywin331 See less

— with Nay Win and Ko Nay Win.”စသည်ဖြင့် ရေးသားပြီး “ကို နေ ဝင်း” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ပထမဆုံး အချက်အလက်ရှာဖွေကြည့်ရာမှာ မြောက်ဦး နန်းတော်ကုန်းမှာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တစ်ခု စက်တင် ဘာ ၆ ရက်မနက်ပိုင်းကဖြစ်ပွားခဲ့ပါတယ်။ မြောက်ဦးမြို့ဟောင်းဟာ ယူနက်စကိုမှာ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ရေးကြိုးပမ်းနေတဲ့နေရာဖြစ်ပါတယ်။ စင်တင်ဘာ ၆ ရက်က ဖြစ်စဉ်မှာ နန်းရာကုန်းရဲ့ အရှေ့တောင်ထောင့်၊ ဒုတိယတံတိုင်းနဲ့ တတိယ တံတိုင်းကြားမှာ ပေါက်ကွဲမှုဖြစ်တာဖြစ်ပြီးလူရော မြို့ရိုးရော ထိခိုက်ပျက်စီးတာ မရှိကြောင်းနဲ့ ဘယ်သူလုပ် တယ်ဆိုတာတော့ မသိကြောင်း ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနတာဝန်ရှိသူက ရန်ကုန်မီဒီယာဂရုဖ်ကို ဖြေကြားထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Yangon Media GroupArchive link  

ဒီဗွီဘီသတင်းဌာနနဲ့ ဘီဘီစီမြန်မာပိုင်းကလည်း ဒီမြောက်ဦးနန်းတော်ကုန်းဗုံပေါက်ကွဲမှု သတင်းဖော်ပြခဲ့တာကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။ ဘယ်သူကလုပ်တယ်၊ ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတဲ့ ဖော်ပြချက်မျိုး မတွေ့ရပါဘူး။

ထို့အပြင် အခုဖြန့်ဝေနေတဲ့ပို့စ်တွေမှာ AA ကလုပ်တယ်လို့ စွပ်စွဲထားပေမဲ့ ဒီဖြစ်စဉ်မတိုင်မီ ၂၀၂၂ ခုနှစ် စက်တင် ဘာ ၅ ရက်မှာ AA ကထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ပြီး လူထုကိုအသိပေးခဲ့ရာမှာ မြန်မာစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြောက်ဦးရှေးဟောင်း အမွေအနှစ် နန်းရာကုန်း အပါအဝင် လူနေရပ်ကွက်တွေကို လက်နက်ကြီးလက်နက်ငယ် တွေနဲ့ပစ်ခတ်နေတယ်လို့ဖော်ပြထားပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၈ ရက်ကလည်း မြောက်ဦးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ပြည်သူ ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့ တယ်လို့ ဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သုံးသပ်ချက်

အထက်ဖော်ပြခဲ့ပါအချက်အလက်တွေအရ မြောက်ဦးနန်းမြိုရိုးဟောင်း နန်းရာကုန်းမှာ ဗုံးပေါက်ကွဲမှုဖြစ်တာ မှန်ကန်ပေမဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာလွတ်လက်တဲ့ မီဒီယာတွေမှာ ဖော်ပြခြင်းမရှိပါဘူး။ AA က  ဗုံးဖောက်ခွဲပြီး ရှေးဟောင်းအမွေအနှစ်တွေကို ဖျက်ဆီးခဲ့တာဆိုတဲ့ ပြောဆိုချက်ဟာလည်း အထောက်အထား မတွေ့ရပါဘူး။ ဒီဖြစ်စဉ်မတိုင်ခင်မှာ စစ်တပ်က မြောက်ဦး နန်းရာကုန်းကို အကြောင်းမဲ့ ပစ်ခတ်နေတယ်လို့ AA က စွပ်စွဲထားပါတယ်။

Avatar

Title:Fact Check: မြောက်ဦးနန်းမြို့ရိုးဟောင်းအား AA ဗုံးခွဲဖျက်ဆီးခဲ့သလား

By: Nayar Maung 

Result: Explainer


Leave a Reply

Your email address will not be published. Required fields are marked *