Fact Check: တရုတ်က လမ်းကြော ၄၈ လမ်းပါတဲ့ Toll Gate လား -မဟုတ်ပါ

Explainer နိုင်ငံတကာ၊ | International

တရုတ်နိုင်ငံက ၄၈ လမ်းသွား Toll Gate အဝင်အဝေးပြေးလမ်းမကြီးလို့ဆိုပြီး ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံထဲက Toll Gate ဟာ  ၂၅ လမ်းပါ တိုးဂိတ်ဖြစ်ပါတယ်။

“တရုတ်နိုင်ငံ က ၄၈ လမ်းသွားToll Gate အဝင်အဝေးပြေးလမ်းမကြီး”လို့ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုကကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

Google မှာဓာတ်ပုံကိုရှာကြည့်ရာမှာ ဒီဓာတ်ပုံကို လမ်း ၅၀ ပါတဲ့ တရုတ်နိုင်ငံကအမြန်လမ်းဆိုတဲ့ ပုံစံမျိုးနဲ့ အခြားသော ဘာသာစကားအသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ခဲ့ဖူးတာတွေ့ရပါတယ်။ တစ်ချို့သော မီဒီယာတွေမှာ လည်း ဒီဓာတ်ပုံကို လမ်းပေါင်း ၅၀ ပါတဲ့ အမြန်လမ်းဆိုပြီးတော့လည်း ရေးသားကြတာတွေ့ရပါတယ်။ အခုမြင် ရတဲ့အစိတ်အပိုင်းက အကျယ်ဆုံးနေရာမှာ ကားတွေရပ်ထားတဲ့အနေအထားကို ကြည့်မယ်ဆိုရင် လမ်းအရေ ၄၈ လမ်း သို့မဟုတ် လမ်းအရေအတွက် ၅၀ ဆိုတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တကယ်တော့ တရုတ်နိုင်ငံမှာ ၄၈ လမ်းသွားအမြန်လမ်းမရှိသလို ၄၈ လမ်းပါတဲ့ toll gate လည်းမရှိပါဘူး။ အရည်အသွေးကောင်းတဲ့ မူလဓာတ်ပုံတစ်ခုမှာ toll gate အရေအတွက်ကို ရေကြည့်မယ်ဆိုရင် ၂၅ လမ်းပဲရှိတာတွေ့ရပါတယ်။ ဒီလို ကားလမ်းကြော ကျယ်သွားတာကလည်း toll gate အနီးတဝိုက်မှာ သာဖြစ်ပါတယ်။ 

Google Maps မှာ အခုပြထားတဲ့နေရာကလွဲ ဒီအဝေးပြေးလမ်းမရဲ့ လမ်းတစ်လျှောက်မှာ လေးလမ်းသွားလမ်း အဖြစ်ပဲပြပါတယ်။

အခုဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး အချက်အလက်စိစစ်ထားတာကို ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ဖတ်လို့ရပါတယ်။ အခု toll gate ဟာ G4 Beijing–Hong Kong–Macau Expressway ရဲ့ ဘေဂျင်းမြို့အဝင်တစ်နေရာက toll gate ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်အတွင်းက အားလပ်ရက်တွေအပြီး ဘေဂျင်းမြို့အဝင် ဒီ toll gate မှာကားတွေအခုလိုကြပ်နေတဲ့ အဖြစ်အပျက်ကို ကောင်း ကင်ကရိုက်ကူးထားတဲ့ ဗွီဒီယိုကို အောက်ပါအတိုင်းတွေ့ရပါတယ်။

သုံးသပ်ချက်

G4 Beijing–Hong Kong–Macau Expressway အမြန်လမ်းမပေါ်က ဘေဂျင်းမြို့အဝင်အနီးက toll gate မှာ ရိုက်ကူးထားတဲ့ ဒီဓာတ်ပုံဟာ အကျယ်ဆုံးနေရာမှာ ကားတွေ ဘေးတိုက်ယှဉ်ရပ်ထားတာကို ရေတွက်ကြည့် မယ်ဆိုရင်တော့ လမ်းအရေအတွက် ၄၈ လမ်းထက်မနည်းရှိနိုင်ပါတယ်။ toll gate ကို အမှန်တကယ်ဝင်နိုင်တဲ့ လမ်းကြောင်းဟာ ၂၅ လမ်းသာရှိတာတွေ့ရပါတယ်။ အမြန်လမ်းတစ်လျှောက်မှာတော့ ၄ လမ်းသွားလမ်းမတစ်ခု သာဖြစ်ပါတယ်။

Avatar

Title:Fact Check: တရုတ်က လမ်းကြော ၄၈ လမ်းပါတဲ့ Toll Gate လား -မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: Explainer


Leave a Reply

Your email address will not be published. Required fields are marked *