Fact Check: AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ပတ်သက်တဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

PDF တွေနဲ့ပတ်သက်တဲ့ AAစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြားချက်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ PDFတွေဟာ စစ်ကောင်စီကိုတော်လှန်နေတာမဟုတ်ဘဲ လက်နက်မဲ့တဲ့ပြည်သူတွေကိုသတ်ဖြတ်နေတာဖြစ်လို့ AA အနေနဲ့ ပူးပေါင်းမှာမဟုတ်ဘူးလို့လည်း ဒီပို့စ်မှာရေးသားထားပါတယ်။ 

အောက်ပါစာသားကတော့ ပျံ့နှံ့လျှက်ရှိတဲ့ပို့စ်ပါ ကောက်နှုတ်ချက်အချို့ဖြစ်ပါတယ်။

“PDFအဖွဲ့တွေဟာစစ်ကောင်စီကိုတော်လှန်တာမဟုတ်ပဲလက်နက်မဲ့အရပ်သားတွေကိုတော်လှန်နေတာ ဟုAAစစ်ဦးစီးချုပ်ထွန်းမြတ်နိုင်မှပြောကြားလိုက်ပါတယ်

လက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေဟာဗမာတပ်မတော်နဲ့ဗမာစစ်သွေးကြွ PDFတွေဖြစ်နေတာမဟုတ်ပဲလက်နက်မဲ့တဲ့ပြည်သူတွေကိုသတ်ဖြတ်နေတာကတော်လှန်ရေးမဟုတ်ဘူး ဒါကတော့ လူမှုရေးကိစ္စတွေကိုမကျေနပ်လို့ဒလန်ဆိုပြီးသတ်နေကြတာ၊ကျွန်တော်တို့ရခိုင့်တပ်တော်အနေနဲ့အခုချိန်ထိလက်နက်မဲ့တဲ့ပြည်သူကိုမသတ်ဖူးဘူး။

စစ်ကြောင်းတွေကျူးကျော်လာရင်တော့ဖြစ်တာကလူမျိုးရေးတိုက်ပွဲမဟုတ်ဘူး။ဒါကAA တပ်တော်နဲ့ဗမာတပ်မတော်ဖြစ်တဲ့တိုက်ပွဲတွေ၊ဒါကတိုက်ပွဲအစစ်

လက်ရှိPDFဆိုတာကကျွန်တော်တို့ ရခိုင်ပြည်မှာနေရာမပေးဘူး။ဒီကောင်တွေကတော်လှန်ရေးလုပ်တာမှမဟုတ်တာဒီကောင်တွေက အကြမ်းဖက်နေတာဒီပုံစံအတိုင်းသာ PDF တွေကို လွတ်ထားရင်တော့ကြာလာလေ ဗမာအချင်းချင်းသတ်ပြီးတော့မျိုးတုံးဖို့ပဲရှိတော့တယ်။-” စသည်ဖြင့် ရေးသားပြီး “Aerial Aerial”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

ရက္ခိုင့်တပ်တော်(Arakan Army)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ တွစ်တာ(twitter)အကောင့်ကို ဒီနေရာမှာ ကြည့်နိုင် ပါတယ်။ သူ့ရဲ့ မှတ်ချက်စကားတွေ သို့မဟုတ် အများပြည်သူကို ပြောကြားချက်တွေကို သူ့ရဲ့ တွစ်တာကနေ မျှဝေလေ့ရှိတာတွေ့ရပါတယ်။ PDF စတင်ပေါ်ပေါက်စဉ်ကတည်းက PDF နဲ့ပတ်သက်တဲ့ မှတ်ချက်မျိုး သိပ်မတွေ့ရပါဘူး။ PDF တွေအပေါ်မှာ တိုက်ရိုက်မှတ်ချက်အနေနဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၈ က Asia Times နဲ့ အင်တာဗျူးကို သူ့ရဲ့ တွစ်တာအကောင့်မှတစ်ဆင့် မျှဝေထားတာတွေ့ရပါတယ်။ 

ဒီအင်တာဗျုးမှာ “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အနီးနားက ချင်းပြည်နယ်က စစ်အာဏာရှင်တော်လှန်ရေး အဖွဲ့တွေနဲ့ ဘယ်လို ဆက်ဆံရေးမျိုးရှိလဲ”ဆိုတဲ့ မေးခွန်းမှာ “လက်ရှိအချိန်အထိ ပူးပေါင်းဆောင်ရွက်မှု မျိုးမရှိသေးပါဘူး”လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖြေကြားခဲ့တာတွေ့ရပါတယ်။ 

တဖန် အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီးရှာဖွေကြည့်ရာမှာလည်း လွတ်လပ်တဲ့မီဒီယာတွေမှာ ဒီလိုမှတ်ချက်မျိုး တစ်စုံတစ်ရာမတွေ့ရပါဘူး။ အမျိုးသားညီညွှတ်ရေးအစိုးရစဖွဲ့စဉ်ကလည်း ရခိုင်ကိုယ်စားလှယ်တွေမပါဝင်ခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်နေချိန်မှာလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အောက်ပါအတိုင်းရေးသားခဲ့ပါတယ်။

 “ငါတို့ကို ဂရုတစိုက်နဲ့ခေါ်ခဲ့ပါတယ်။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်မလိုက်တာပါ။ သူတို့ကို အပြစ်ပြောစရာ မလိုအပ်ပါ”လို့ ရေးသားခဲ့ပါတယ်။

မူရင်းလင်ခ့် – Twan Mrat NaingArchive link  

ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနတွေဖြစ်တဲ့ Development Media GroupNarinjaraနဲ့ Western News စတဲ့သတင်းဌာနတွေမှာလည်း ဒီလိုသတင်းဖော်ပြချက်မျိုးမတွေ့ရပါဘူး။

၂၀၂၂ ခုနှစ် ဧပြီ ၅ ရက် ယနေ့မှာလုပ်တဲ့ AA အဖွဲ့သတင်းစာရှင်းလင်းပွဲမှာ AA ပြောရေးဆိုခွင့်ရှိသူက အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)ရဲ့ ကမ်းလှမ်းချက်ကို ကြိုဆိုကြောင်းပြောခဲ့ပါတယ်။

သုံးသပ်ချက်

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က  PDF တွေအပေါ်ပြောဆိုတဲ့ဆိုတဲ့ မှတ်ချက်ဟာ သတင်းတုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ပတ်သက်တဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *