
မြန်မာစစ်တပ်ဟာ အာဏာသိမ်း ၂ နှစ်တာကာလအတွင်း ဉပဒေနဲမညီတဲ့ ကျူးကျော်သူတွေဆိုတဲ့ အကြောင်းပြချက်နဲ့ အထူးသဖြင့် ရန်ကုန်၊မန္တလေးက အိမ်ပေါင်းများစွာ ဖျက်ဆီးပစ်ခဲ့တာတွေရှိနေချိန်မှာ ဒဂုံမြို့သစ်က နှစ် ၆၀ နဲ့ငှားထားတဲ့ မြေဂရမ်တွေကို စာချုပ်ဖျက်သိမ်းလိုက်တယ်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ရာမှာ နားလည်မှုလွဲ စေနိုင်တာတွေ့ရပါတယ်။ Yangon Petrol ကုမ္ပဏီပိုင်မြေ အချို့ ပြန်လည်သိမ်းဆည်းတဲ့ သတင်းကို မျှဝေနေခြင်းဖြစ်ပါတယ်။
“တစ်နိုင်ငံလုံး ပွက်လောရိုက်သွားတဲ့ စစ်ကောင်စီထုတ်ပြန်ချက် ဒဂုံမြို့သစ် နှစ် ၆၀ ဂရမ်မြေများ စာချုပ်ဖျက် သိမ်းလိုက်ပီဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်”(မူရင်းအရေးအသား)လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၂၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အချက်အလက်စိစစ်ချက်
NLD လက်ထက်ခွင့်ပြုခဲ့တဲ့ စည်ပင်မြေပေါ်က Yangon Petrol စက်သုံးဆီဆိုင် နေရာတွေကို စစ်ကောင်စီက ပြန်သိမ်းတဲ့ သတင်းကို ချဲ့ကားရေးသားထားခြင်းဖြစ်ပါတယ်။ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ ဒလမြို့နယ် တွေထဲက နှစ် ၆၀ မြေငှားဂရန် စာချုပ်ပါ မြေနေရာတွေကို ရန်ကုန်စည်ပင်သာယာရေးကော်မတီက ပြန်လည်ပယ်ဖျက်လိုတဲ့အကြောင်း ဘီဘီစီမြန်မာပိုင်းက ဖော်ပြခဲ့တဲ့သတင်းကို ဒီလင့်ခ်မှာကြည့်ပါ။

ဗွီဒီယိုထဲမှာလည်း ဒီအကြောင်းအရာကိုပဲ ပြောပြနေခြင်းဖြစ်ပါတယ်။
သုံးသပ်ချက်
Yangon Petrol စက်သုံးဆီဆိုင်အမည်ပေါက် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ ဒလမြို့နယ် တွေထဲက နှစ် ၆၀ မြေငှားဂရန် စာချုပ်ပါ မြေနေရာတွေကို စစ်တပ်က ပြန်လည်သိမ်းဆည်းတဲ့ သတင်းကို ချဲ့ကားရေးသား မျှဝေနေခြင်း ဖြစ်ပါတယ်။

Title:Fact Check: ဒဂုံမြို့သစ် နှစ် ၆၀ မြေဂရမ်များ စာချုပ်ဖျက်သိမ်းဆိုတဲ့ နားလည်မှုလွဲ စေနိုင်တဲ့သတင်း
Fact Check By: နေရာမောင်Result: Missing Context