Fact Check: NLD ကို အကြမ်းဖက်လို့ ကုလအပြစ်တင်ခဲ့သလား-မဟုတ်ပါ

False လူမှုရေး

ကုလသမဂ္ဂ(United Nations)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို အကြမ်းဖက်မှုတွေအတွက် အပြစ် တင်လိုက်တယ်လို့ ရေးသားပြီး  လူမှုကွန်ယက်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ 

သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ ဇွန် ၃ရက်က စတင်ပျံ့နှံ့ခဲ့တဲ့ ဒီသတင်းမှာကိုးကားထားတဲ့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ ပြောခွင့်ရ စတက်ဖနီဒူဂျာရစ်ခ် (Stéphane Dujarric)ရဲ့ ပြောကြားချက်ဟာ မှန်ကန်ပေမဲ့ NLD ကို အကြမ်းဖက်အဖြစ် အပြစ်တင်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ 

“NLD အကြမ်းဖက်အဖွဲ့ကို ကုလသမဂ္ဂအပြစ်တင်”လို့ရေးသားပြီး “RFM : Yangon, 3 – 6 – 2021”လို့လည်း သတင်းရေးသားတဲ့နေ့အဖြစ်ဖော်ပြခဲ့ပါတယ်။ ဆက်လက်ပြီး သတင်းရဲ့ စာကိုယ်အဖြစ် “မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဒီမိုကရေစီကိုဘမ်းပြပြီး ရွေး ကောက်ပွဲကတဆင့် မတရားသော နည်းဖြင့် ရယူရန်ကြိုးပမ်းခဲ့သည့် ဒေါ်ဆုကျည်နှင့်အဖွဲ့ဟာ အိပ်မက်ကောင်းခန်းရောက်မှ လန့်နိုးလာတဲ့ အရူးတယောက် ပမာ မလုပ်သင့်မလုပ်ထိုက်သောအကြမ်းဖက်မှု့များကို ယနေ့ထိပြုလုပ်နေလျှက်ရှိသည်ကိုတွေ့ရ သည်။”စသည်ဖြင့် ရေးသားထားသလို “ဒီကိစ္စမှာ အနောက်နိုင်ငံတွေရဲ့သဘောထားတွေက မရိုးသားတာတွေ တွေ့ရတယ်။မြန်မာပြည်မှာ လူအချင်းချင်း သတ်ပြီးပြည်တွင်းစစ်ကြီး ဖြစ်စေချင်တဲ့နှပ်ကြောင်းပေးစကားတွေ သတင်းတွေ ထုတ်လွှင့်နေ ကြသလို တဖက် ကလည်း အကြမ်းဖက်သမားတွေကိုထောက်ပံ့နေ တာတွေတွေ့ ရတယ်။အခုမှ ထပြီး ကုလကအသံထွက်တာ ကတော့ အ ခြေအနေကထင်သလိုဖြစ်မလာတော့ဘူးဆိုတာ သုံးသပ်မိလို့ လို့ယူဆတယ်” ဟုနိုင်ငံရေးလေ့လာသူ ဦးဝင်းမိုးကRFM ကို ပြောတယ်လို့လည်း ရေးသား ထားပါတယ်။ ထို့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ပြောခွင့်ရပုဂ္ဂိုလ် စတက်ဖနီဒူဂျာရစ်ခ် က “စာသင်ကျောင်း တွေနားမှာ အကြမ်းဖက်တဲ့လုပ်ရပ် တွေလုပ်တာ၊ က လေးတွေကိုပညာသင်ကြားခွင့်မရ အောင်လုပ်တာ၊ဆရာ ဆရာမတွေ ကိုခြိမ်းခြောက်တာ တွေဟာ ဘယ်လိုမှလက်ခံနိုင်စရာမရှိဘူး” လို့ အ လေး အနက်ထားပြီးပြောကြား ခဲ့ကြောင်း သိရပါတယ်။ NLD အကြမ်းဖက်သမားတွေရဲ့သတ်ဖြတ်မှု့ကြောင့်လူပေါင်း ရာနှင့်ချီပြီးသေဆုံးခဲ့့သလို စာသင်ကျောင်းပေါင်း(၁၅၀)ကျော်လည်း မီး ရှို့့ဗုံးခွဲ ဖျက်ဆီးခံခဲ့ကြရပါတယ်။ ”စသည်ဖြင့် ရေးသားပြီး“U Dham Mika”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။

တူညီတဲ့ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

Radio Free Myanmar ဆိုတဲ့ အမည်နာမဟာ တကယ်တော့ သတင်းမီဒီယာလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ လုပ်ငန်းမဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်ဖွယ်အချက်အလက်တွေကို ဖြန့်ဝေလေ့ရှိတဲ့ အမှတ်တံဆိပ်ဖြစ်ပါ တယ်။ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးအနေနဲ့ ဦးမိုးဝင်းအမည်နဲ့ အခြားသော မီဒီယာတွေမှာ ကိုးကားရေးသားခဲ့တဲ့ သတင်းအချက်အလက် တစ်စုံတစ်ရာရှာဖွေတွေ့ရှိခြင်းမရှိပါဘူး။

အဓိကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ဇွန်လအတွင်း ကုလသမဂ္ဂ((United Nations)က မြန်မာနိုင်ငံနဲ့ ပတ်သက် တဲ့ ပြောဆိုချက်တွေကို လေ့လာကြည့်ရာမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ စတက် ဖနီဒူဂျာရစ်ခ် (Stéphane Dujarric)က မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေမှာ တိုက်ခိုက်ခံနေရတာနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲမှာ စာသင်ကျောင်း တွေနဲ့ အနီးအနားမှာ အကြမ်းဖက်တဲ့ လုပ်ရပ်တွေဟာ ဘယ်တုန်းကမှ လက်ခံ နိုင်တဲ့ လုပ်ရပ်မဟုတ်ဘူးလိူ့ ပြောဆိုခဲ့ကြောင်း ဇွန် ၃ ရက်က VOA မြန်မာပိုင်းသတင်းတစ်ခုမှာဖော်ပြပါတယ်။

“စာသင်ကျောင်းတွေနဲ့ အနီးအနားမှာ အကြမ်းဖက်တဲ့ လုပ်ရပ်တွေဟာ ဘယ်သောအခါမှ လက်ခံနိုင်တဲ့ လုပ်ရပ်မဟုတ်ကြောင်း ကုလသမဂ္ဂက အလေးထား ပြောကြားထားပါတယ်။ စာသင်ကြားတဲ့ နေရာတွေ၊ ပညာရေးဝန်ထမ်းတွေကို တိုက်ခိုက်တာ၊ ပညာရေး အဆောက်အဦးတွေကို သိမ်းပိုက်ထားတာတွေဟာ ကလေးအခွင့်အရေးတွေကို ချိုးဖောက်ရာလည်း ရောက်ပါတယ်။”လို့ စတက်ဖနီဒူဂျာရစ်ခ် ကပြောခဲ့တယ်လို့ VOA မြန်မာပိုင်းက ရေးသားပါတယ်။ သို့သော်လည်း ဒီလိုမှတ်ချက်စကားထဲမှာ NLD နဲ့ပတ်သက်တဲ့အကြောင်းအရာ မပါဝင်တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – VOA BurmeseArchive link 

မြန်မာနိုင်ငံမှာ ပညာရေးနဲ့ပတ်သက်တဲ့ နေရာတွေ ပေါက်ကွဲမှုများပြားလာတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF-United Nations Children’s Fund)က ထုတ်ပြန်ချက်တစ်စောင် ဇွန် ၂ ရက်ကထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာလည်း NLD နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက် တစ်စုံတစ်ရာ မပါဝင်ပါဘူး။ ထုတ်ပြန်ချက်မှာ အပိုဒ် ၃ ပိုဒ်ပါဝင်ပြီး ပထမစာပိုဒ် ၂ ပိုက်မှာ အောက်ပါ အတိုင်းဖြစ်ပါတယ်။

“မြန်မာနိုင်ငံတွင် ယခုရက်သတ္တပါတ်များအတွင်း စာသင်ကျောင်းများ၊ ပညာရေးဝန်ဆောင်မှုပေးသည့် နေရာများ နှင့် ရုံးများတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းအရေအတွက် များပြားလာနေသည်။ ဖေဖော်ဝါရီလ (၁) ရက်နေ့ နှင့် မေလ (၃၁) ရက်နေ့ကြားတွင် စာသင်ကျောင်းများနှင့် ကျောင်း၏ဝန်ထမ်းများအားတိုက်ခိုက်မှု အနည်းဆုံး (၅၄)ခု ရှိသည့်အပြင်၊ စစ်တပ်က အသုံးပြုနေသည့် ပညာရေးဝန်ဆောင်မှုပေးသည့်နေရာများတွင် မတော်တဆဖြစ်မှု (၁၄၁)ရပ်ရှိကြောင်း အစီရင်ခံမှုများအရ သိရသည်။ တိုက်ခိုက်မှု (၅၄)ခုအနက် အနည်းဆုံး (၃၉) ခုမှာ မေလ တစ်လတည်းတွင်ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ကျောင်းများအတွင်းအကြမ်းဖက်မှု သို့မဟုတ် ကျောင်းအနီးအနားတွင်အကြမ်းဖက်မှုကို လုံးဝလက်သင့် မခံနိုင်ပေ။ ကျောင်းများနှင့် ပညာရေးဝန်ဆောင်မှုပေးသောနေရာများတွင် ပဋိပက္ခများနှင့်မငြိမ်မသက်ဖြစ်မှုများ ထံမှ ကာကွယ်ပေးရမည်ဖြစ်သည်။ ပညာသင်ယူသည့်နေရာများနှင့် ပညာရေးဝန်ထမ်းများအား တိုက်ခိုက်မှုများ အပြင်၊ ပညာရေးဝန်ဆောင်မှုပေးသောနေရာများကို သိမ်းယူအသုံးပြုခြင်းတို့သည် ကလေးသူငယ်များ၏ အခွင့် အရေးများကို ချိုးဖောက်မှုများပင်ဖြစ်သည်။”စသည်ဖြင့် ရေးသားထားတာတွေ့ရပါတယ်။

https://www.facebook.com/unicefmyanmar/posts/4201086246625535

မူရင်းလင်ခ့် – UNICEF MyanmarArchive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ NLD ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို ကုလသမဂ္ဂအပြစ်တင်တယ်လို့ ရေးသားထားတဲ့ သတင်းဟာ မူလထုတ်ပြန်ချက်ကို ပုံဖျက်ပြီး ရေးသားမျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။

Avatar

Title:NLD ကို အကြမ်းဖက်လို့ ကုလအပြစ်တင်ခဲ့သလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *