Fact Check: ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန် စစ်ကောင်စီ ဖျက်သိမ်းမှု သတင်း‌ခေါင်း စဉ်တု

False လူမှုရေး

ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန် စစ်ကောင်စီ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာဖြန့်ဝေ နေတာတွေ့ရပြီး သတင်းမှားတခုသာဖြစ်တယ်။ ကျပ် ၅၀ တန်၊ ကျပ် ၁၀၀ တန်ဖျက်သိမ်းကြောင်းသတင်းဟာ မဟုတ်မှန်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ရဲ့ တုန့်ပြန်ချက်သတင်းကို သတင်းခေါင်း စဉ်တုတပ် ထားခြင်းဖြစ်တယ်။ 

အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“၅၀ကျပ်တန်နဲ့ ၁၀၀ကျပ်တန် ဖျက်လိုက်တဲ့ မင်းအောင်လှိုင် ဘာကြံနေလဲ။ အတိတ်နမိတ်တွေ မကောင်းတော့။”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တော့ Global Media 1M အမည်နဲ့ ယူကျူ့ချန်နယ်ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့ မှာဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူပြီး နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တွေတပ်ပြီး ပြန်လည် ဖြန့်ဝေလေ့ရှိပါတယ်။ အခုလည်း ဒီဗွီဒီယိုပါသတင်းဟာ ကျပ် ၅၀ တန်၊ ကျပ် ၁၀၀ တန်ဖျက်သိမ်းမှုဟာ သတင်းမှားသာဖြစ်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တုန့်ပြန်ပြောကြားချက်ကို ပြန်လည်မျှဝေနေခြင်း ဖြစ်တယ်။ မူလက ဘီဘီစီမြန်မာပိုင်းကဖော်ပြခဲ့တဲ့ သတင်းကို ဒီလင့်ခ်မှာကြည့်ပါ။ 

စက်တင်ဘာ ၃၀ ရက်မနက်အစောပိုင်းမှာ ၅၀ ကျပ် တန် နဲ့ ၁၀၀ ကျပ် တန် တွေကို ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ယက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးတဲ့နောက် ဒီသတင်းတွေက အမှားတွေလို့ စစ်ကောင်စီက နာရီပိုင်းအတွင်း တုံ့ပြန်ခဲ့တဲ့အကြောင်း ဒီသတင်းမှာ‌ဖော်ပြပါတယ်။

သုံးသပ်ချက်

ကျပ် ၅၀ တန်၊ ကျပ် ၁၀၀ တန်ဖျက်သိမ်းမှုဟာ သတင်းမှားသာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ တုန့်ပြန်ပြောကြား ချက်ကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တွေတပ်ထားခြင်းဖြစ်တယ်။ ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန်ဖျက်သိမ်းကြောင်း ကြေညာခဲ့ခြင်းမရှိပါဘူး။

ပြောဆိုချက်- ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန်ဖျက်သိမ်းကြောင်း စစ်ခေါင်းဆောင်ကြေညာ

Avatar

Title:Fact Check: ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန် စစ်ကောင်စီ ဖျက်သိမ်းမှု သတင်း‌ခေါင်း စဉ်တု

Written By: Zun Zee  

Result: False


Leave a Reply

Your email address will not be published. Required fields are marked *