Fact Check: တရုတ်နဲ့ ကမ္ဘောဒီးယားစေ့စပ်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

တရုတ်သမ္မတနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ စေ့စပ်ပေးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“တရုတ်သမ္မတနဲ့ ဝန်ကြီးချုပ်ဟွန်ဆန်စေ့စပ်မှု

အမေစု ရာသက်ပန် လွှင်ခွင့်ရခဲ့ပြီ

ကူညီပေးလို့ကျေးဇူးအထူးပါ၊ငါတို့နိုင်ပြီ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ကိုလေ့လာကြည့်မှာ လုပ်ကြံသတင်းတွေဖော်ပြနေတာ တွေ့ရပါ တယ်။ သတင်းသတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ 

ဒီအပြင် အခု ဗွီဒီယိုအစမှပြသတဲ့ ရုပ်သေဓာတ်ပုံထဲမှာ တရုတ်သမ္မတနဲ့ ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်စေ့စပ်မှုနဲ့ ‌ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီလို့ ဆိုထားပေမဲ့ ဗွီဒီယိုထဲမှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရာထူးမှ အနားယူတဲ့အကြောင်းမျှဝေထားပါတယ်။ သူ့နုတ်ထွက်သူကို အားလုံးက သဘောတူတဲ့အကြောင်းနဲ့ တနိုင်ငံလုံးဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခုလို နုတ်ထွက်တာလို့ လည်းဖော်ပြတယ်။ ဒီသတင်းကိုလည်း အခြားသော ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ 

မေ ၂၄ ရက်နေ့လည်ပိုင်းမှာ မကွေးမြို့မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး စစ်ခေါင်းဆောင်ဟာ ဒေသဖွံ့ဖြိုးရေး ဆွေးနွေးခဲ့တယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနကတော့ ထုတ်ပြန်တယ်။ 

သုံးသပ်ချက်

တရုတ်သမ္မတနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ စေ့စပ်ပေးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတယ်ဆိုတာ မဟုတ်ပါဘူး။ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းတု သတင်းမှားတွေ ဖြန့်ချိလေ့ရှိတယ်။

ပြောဆိုချက်- တရုတ်သမ္မတနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ စေ့စပ်ပေးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာ

Avatar

Title:Fact Check: တရုတ်နဲ့ ကမ္ဘောဒီးယားစေ့စပ်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *