Fact Check: တရုတ်ကြားဝင်မှုနဲ့ ဧပြီ ၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ် ဆိုတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

တရုတ်ကြားဝင်မှုနဲ့ ဧပြီ ၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၂ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၉၀၀၀၀ ကျော်ရရှိထား တယ်။ အလားတူတဲ့ ဗွီဒီယိုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“တရုတ်ဝန်ကြီးရဲ့ ကြားဝင်မှုအောင်မြင် 

(၅)ရက်နေ့ ‌ဒေါ်အောင်ဆန်းစုကြည်လွတ်ဖို့အတည်ပြု

မင်းအောင်လှိုင် ကိုယ်တိုင်လည်းပြောထားပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲတပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေလေ့ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီမှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံထဲမှာ တရုတ်ကြားဝင်မှုနဲ့ ဧပြီ ၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ်လို့ဆိုထားပြီး ဗွီဒီယိုအစအသံဖိုင်ထဲမှာ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို  နိုင်ငံရေးသဘောတူညီချက်အချို့ သတ်မှတ်ပြီး ပြန်လွှတ်မယ်လို့ စစ်ကောင်စီပြောတယ်စသည်ဖြင့် ဖော်ပြခဲ့ပေမဲ့ ဒီအကြောင်းအရာကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ 

ဆက်လက်ပြီး ဗွီဒီယိုထဲမှာ စစ်အာဏာသိမ်းအပြီး ၂၀၂၁ ခုနှစ်ကတည်းက ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ NLD ပါတီတာဝန်ရှိသူအချို့ လွတ်ရက်စေလို့ပြန်လွတ်လာတဲ့ သတင်းကို ပြန်လည်ဖတ်ကြားထားပြီး လွတ်လပ်တဲ့ အာရှအသံက မူလဖော်ပြခဲ့တဲ့ “NLD အစိုးရလက်ထက် ကချင်ပြည်နယ် ဝန်ကြီးနှစ်ဦး လွတ်ရက်စေ့လို့ ပြန်လွတ်”ဆိုတဲ့သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

တရုတ်ကြားဝင်မှုနဲ့ ဧပြီ ၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ်ဆိုတာ ယုံကြည်ရလောက်တဲ့ သတင်း အရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေ ကို “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု တပ် ဖြန့်ချိလေ့ရှိပါတယ်။

ပြောဆိုချက်- တရုတ်ကြားဝင်မှုနဲ့ ဧပြီ ၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ်

Avatar

Title:Fact Check: တရုတ်ကြားဝင်မှုနဲ့ ဧပြီ ၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ် ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *