Fact Check: ကွတ်ခိုင်မှာ KIA ကဗမာဆိုအဝင်မခံဘဲ ဖမ်းဆီးသတ်ပစ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု

နိုင်ငံရေး၊

KIA က အပစ်မဲ့ပြည်သူတွေကို သတ်ပစ်နေပြီး ကွတ်ခိုင်မှာ ဗမာလူမျိုးဆိုအဝင်မခံဘဲ ဖမ်းဆီးသတ်ပစ်နေတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၁၁ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၅၀၀၀ ဝန်းကျင်ရှိ ထား တယ်။

“KIAမှအပစ်မဲ့ပြည်သူတွေကို သတ်ပစ် ကွပ်ခိုင်မာ KIA ကဗမာလူမျိုးဆိုအဝင်မခံ ဖမ်းဆီးသတ်ပစ်နေဟုဆို”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

Myawaddy News အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ အခုလိုပဲ ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေ နိုင်တဲ့ သတင်းခေါင်းစဉ်လွဲတပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေ လေ့ရှိတာတွေ့ရပါတယ်။ 

အခု ဗွီဒီယိုပါအကြောင်းအရာဟာ တကယ်တော့ ရွှေဖီမြေသတင်းဌာနကဖော်ပြခဲ့တဲ့ “ကွတ်ခိုင်မှာ ခရီးသည် ၄ ဦးကို KIA က ဖမ်းဆီး၊ ငွေ ၃ သိန်းပေးလို့ တစ်ဦး ပြန်လွတ်လာ”လို့ဆိုတဲ့ သတင်းကို ပြန်လည် မျှဝေနေခြင်းဖြစ်တယ်။ သတင်းထဲမှာ ဗမာဆိုရင် အဲဒီဒေသကို သွားလာလို့မရကြောင်း ဖော်ပြချက်ပါရှိပေမဲ့ ဖမ်းဆီး သတ်ပစ်တဲ့အကြောင်းတော့မပါဝင်ပါဘူး။

ရှမ်းမြောက်မှာ စစ်ပွဲအောင်နိုင်ပြီးနောက် စစ်တပ်ရဲ့ အကြွင်းအကျန်တွေကို ရှင်းလင်းရန်နဲ့ စစ်ကောင်စီက သာမန်အရပ်သားဟန်ဆောင်ပြီး စိမ့်ဝင်ကာ ပြန်လည်တိုက်ခိုက်လာနိုင်တာကို ကြိုတင်ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဗမာတွေကို သူတို့ ထိန်းချုပ်နယ်မြေက ပြန်ကြဖို့နဲ့ နောက်ထပ် ခွင့်ပြုချက်မရမချင်း ပြန်မလာဖို့ ပြောဆိုခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ တာရှိပါတယ်။ သို့သော်လည်း ဗမာတွေကို သတ်ပစ်နေတယ်ဆိုတဲ့အထောက်အထားတော့မရှိပါဘူး။

သုံးသပ်ချက်

သတင်းမီဒီယာတခုက ဖော်ပြခဲ့တဲ့ KIA က လူ ၄ ဦးကို ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ ကွတ်ခိုင်မှာ KIA က ဗမာဆို အဝင်မခံပဲ သတ်ပစ်နေတယ်ဆိုတာ မဟုတ် ပါဘူး။

Avatar

Title:Fact Check: ကွတ်ခိုင်မှာ KIA ကဗမာဆိုအဝင်မခံဘဲ ဖမ်းဆီးသတ်ပစ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု

Written By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *