Fact Check: KNU နဲ့မဟာမိတ်တပ် အင်အား ၅၀၀၀ ကျော်နဲ့ မြဝတီမြို့သိမ်းတိုက်ပွဲ စတင်တဲ့ သတင်းခေါင်းစဉ်တု

Misleading နိုင်ငံရေး | Politics

KNU နဲ့မဟာမိတ်တပ် အင်အား ၅၀၀၀ ကျော်နဲ့ မြို့သိမ်းတိုက်ပွဲစတင်တဲ့ သတင်းခေါင်းစဉ်တုပို့စ်တခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုတခုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့  ဒီလိုဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“မြဝတီမြို့ သိမ်းတိုက်ပွဲစပြီ။”

တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မြဝတီမြို့မှာ တိုက်ပွဲဖြစ်တဲ့ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ သို့ပေမဲ့ ကော့ကရိတ်မြို့မှာတော့ KNU နဲ့ မဟာမိတ်တွေက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်းတွေ့ရပြီး မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ကော့ကရိတ်မြို့တိုက်ပွဲနဲ့ ပတ်သတ်တဲ့ သတင်းဖော်ပြချက် တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ ဒီလိုပဲ တိုက်ပွဲတွေကြောင့် ယာယီပိတ်ထားရတဲ့ ကော့ကရိတ်-မြဝတီလမ်းပိုင်း ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီလို့  Eleven Media Group က အောက်တိုဘာ ၂၈ ရက်မှာ သတင်းဖော်ပြပါတယ်။

ထို့အပြင် အခုလို  “မြဝတီမြို့ သိမ်းတိုက်ပွဲစပြီ။”လို့ရေးသားမျှဝေထားတဲ့ ဗွီဒီယိုမှာလည်း မြဝတီမြို့မှာ တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့ သတင်းမတွေ့ရပဲ အောက်တိုဘာ ၂၈ ရက်နေ့က ဖော်ပြခဲ့တဲ့ “ဘုတလင်၊ ဇီးတောကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦး သေဆုံးပြီး PDF ရဲဘော်တစ်ဦးကျဆုံး”၊ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ လားရှိုးနဲ့ ချင်းရွှေဟော်တဝိုက် တိုက်ပွဲဖော်ဆောင်မှုတွေအကြောင်း သုံးသပ်ထားတဲ့ “မြန်မာပြည်မြောက်ပိုင်းကို မျှော်ကြည့်ခြင်း”ဆိုတဲ့ သတင်းဆောင်းပါးနဲ့ အခြားသော စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲသတင်းတွေကို ပြန်လည်မျှဝေနေခြင်းသာဖြစ်တယ်။

သုံးသပ်ချက်

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေအကြောင်းသတင်းဆောင်းပါ၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့က တိုက်ပွဲသတင်းနဲ့ စစ်ကိုင်းတိုင်းက တိုက်ပွဲသတင်းတွေကို အသုံးပြုပြီး သတင်းခေါင်းစဉ်ကို လိုအပ်သလို ပြုပြင်ဖန်တီးထားခြင်းဖြစ်တယ်။ မြဝတီမြို့ဟာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ အပြန်အလှန်ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ မြို့တခုဖြစ်ပေမဲ့ ယခုရက်ပိုင်းမှာ မြဝတီမြို့မှာ တိုက်ပွဲတွေဖြစ်နေ တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

ပြောဆိုချက်- KNU နဲ့မဟာမိတ်တပ် အင်အား ၅၀၀၀ ကျော်နဲ့ မြဝတီမြို့သိမ်းတိုက်ပွဲ စတင်

Avatar

Title:Fact Check: KNU နဲ့မဟာမိတ်တပ် အင်အား ၅၀၀၀ ကျော်နဲ့ မြဝတီမြို့သိမ်းတိုက်ပွဲ စတင်တဲ့ သတင်းခေါင်းစဉ်တု

Written By: နေရာမောင် 

Result: နေရာမောင်


Leave a Reply

Your email address will not be published. Required fields are marked *