Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင်ကို ဖမ်းဆီးကာ မန္တလေး တိုင်းမှူး ကြည်ခိုင်က အာဏာသိမ်းဆိုတဲ့ သတင်းတု

နိုင်ငံရေး၊

စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင်ကို ဖမ်းဆီးကာ မန္တလေးတိုင်းမှူး ကြည်ခိုင်က အာဏာသိမ်းလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။

အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်း ဖြစ်တယ်။ 

“မင်းအောင်လှိုင် အာဏာလုခံရ

ဗိုလ်ချုပ်ကြည်ခိုင် အာဏာသိမ်းလိုက်ပြီ

စိုးဝင်းနဲ့ မအလ ဖမ်းဆီးထိန်းသိမ်း၊ ပွဲဆူနေပြီ”

C:\Users\User\Downloads\Firefox_Screenshot_2024-07-04T12-16-03.907Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ‌ဗိုလ်ချုပ်ကြီး စိုးဝင်းကို ဖမ်းဆီးပြီး မန္တလေးတိုင်းမှူးဗိုလ်ချုပ်ကြည်ခိုင်က အာဏာသိမ်းလိုက်တယ်ဆိုတဲ့ သတင်းဖော်ပြချက်မတွေ့ရပါဘူး။ ဒါပေမဲ့ မန္တလေးတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို ဖမ်းဆီးလိုက်တဲ့ သတင်းတွေတော့ မီဒီယာတွေမှာဖော်ပြပါတယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်)

ဒီအပြင် မန္တလေးစစ်တိုင်းမှူးက အာဏာသိမ်းလိုက်ပြီလို့ဆိုထားတဲ့ အခု ယူကျူ့ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာ ဟာလည်း မြန်မာနောင်း သတင်းဌာနကဖော်ပြခဲ့တဲ့ “လက်မရွံ့ မန်းတိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နေပြည်တော် စစ်ကြောရေးရောက်”ဆိုတဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။

C:\Users\User\Downloads\2024-07-04 17 41 46.jpg

သုံးသပ်ချက်

စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင်ကို ဖမ်းဆီးကာ မန္တလေးတိုင်းမှူး ကြည်ခိုင်က အာဏာသိမ်းလိုက်ပြီ ဆိုတာ မဟုတ်ပါဘူး။ မန္တလေးတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးကို ပို့ဆောင်ဆိုတဲ့ သတင်းဆောင်းပါးကို လိုအပ်သလို ခေါင်းစဉ်တုတပ် မျှဝေထားတယ်။

Avatar

Title:Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင်ကို ဖမ်းဆီးကာ မန္တလေး တိုင်းမှူး ကြည်ခိုင်က အာဏာသိမ်းဆိုတဲ့ သတင်းတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *