
ဗဟိုဘဏ်ဥက္ကဌကို စစ်ကောင်စီ ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။
အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။
“ဗဟိုဘဏ်ဥက္ကဌ စစ်တပ် ဖမ်းဆီး
ဘဏ်အပ်ငွေ(၅)ဘီလျံ စစ်သားတွေခိုးထုတ်နေပြီ
ဒေဝါလီ ခံလိုက်ပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဗဟိုဘဏ်ဥက္ကဌ စစ်တပ် ဖမ်းဆီးလိုက်ပြီး ဘဏ်အပ်ငွေ(၅)ဘီလျံ စစ်သားတွေခိုးထုတ်နေလို့ ဒေဝါလီခံရပြီလို့ ရေးသာထားပေမဲ့ တကယ်တမ်း ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့ အကြောင်းအရာဟာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီလက်နက်ခဲယမ်းဝယ်ယူမှုတွေမှာ ငွေကြေးလွှဲပြောင်း ပေးခြင်းမရှိဟု စစ်ကောင်စီဘဏ်များငြင်းဆို”ဆိုတဲ့ သတင်းဖြစ်တယ်။ သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
“Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖော်ပြလေ့ရှိတယ်။ စစ်တပ်က ဗဟိုဘဏ်ဥက္ကဌကို ဖမ်းဆီးလိုက်တယ် ဆိုတဲ့ အထောက်အထားမရှိပါ။

Title:Fact Check: ဗဟိုဘဏ်ဥက္ကဌကို စစ်ကောင်စီ ဖမ်းဆီးဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: False