Fact Check: ပညာ‌ရေးဝန်ကြီးဌာနက နိုင်ငံတကာအဆင့်မီ အခမဲ့အွန်လိုင်းသင်တန်းတွေ ပေးနေသလား- မဟုတ်ပါ

Insight လူမှုရေး

ဧပြီလမှ စတင်ပြီး မြန်မာနိုင်ငံ ပညာ‌ရေးဝန်ကြီးဌာနက နိုင်ငံတကာအဆင့်မီ အခမဲ့အွန်လိုင်းသင်တန်းတွေ ပေးနေတယ်လို့ ဆိုပြီး ကြော်ငြာထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာတွေ့ရပါတယ်။ အသက် ၁၈ နှစ်အထက်ကနေ အသက် ၅၅ နှစ်အထက်အထိ သင်တန်းတွေကို ဝင်ရောက်ကြည့်ရှူ့နိုင်တယ်ဆိုပြီးတော့လည်း ကြော်ငြာထားတာတွေ့ရတယ်။ အတုအယောင်ကြော်ငြာ တခုဖြစ်တာတွေ့ရပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

“အစိုးရအကျိုးခံစားခွင့်များကို အသုံးချပါ၊ အခမဲ့အွန်လိုင်းသင်တန်းများကို စူးစမ်းလေ့လာပြီး နိုင်ငံအလိုက် အသိအမှတ်ပြုလက်မှတ်ကို ရယူလိုက်ပါ။”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သတင်းကို မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနမှာလည်း ဖော်ပြချက်မရှိသလို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အောက်က ပညာရေးဝန်ကြီးဌာန မှာလည်းဖော်ပြချက် မရှိပါ။

ဒီလိုမျှဝေထားတဲ့ ကြော်ငြာပို့စ်ပါ “သင်တန်ားများကိုကြည့်ရှုပါ။”ဆိုတဲ့ hyperlinkလင့်ခ်တွေကို ဝင်‌‌ရောက်ကြည့်မယ်ဆိုရင် စိတ်မချရတဲ့ အခြားသောဝက်ဘ်ဆိုဒ် စာမျက်နှာတခုကို ရောက်ရှိသွားပြီး နောက်ထပ်လည်း http://freeonlinecourses23.live/ ဆိုတဲ့ ဝက်ဘ်ဆိုဒ်လင့်ခ်ဆီကို ရောက်သွားသလို ထပ်မံ နှိပ်ရန် ညွှန်းဆိုထားတဲ့ လင့်ခ်ကို နှိပ်ကြည့်မယ်ဆိုရင်တော့ အခြားသော သင်တန်းနဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေပါတဲ့ လင့်ခ်တွေကို ထပ်ရောက်ရှိပါတယ်။  ဒီလို ဆောင်ရွက်ချက်တွေဟာ အွန်လိုင်းကနေ မျှားခေါ်ပြီး ကိုယ်ရေးအချက်အလက်တွေကို ရယူလေ့ရှိတဲ့ phishing သဘောမျိုးဖြစ်နေတာလည်းတွေ့ရပါတယ်။

သုံးသပ်ချက်

အသက်အရွယ်တိုင်းအတွက် နိုင်ငံတကာအဆင့်မီသင်တန်းတွေကို အွန်လိုင်းက ‌သင်ပေးမယ်ဆိုတဲ့ အကြောင်းအရာကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနမှာလည်း ဖော်ပြချက်မရှိသလို အမျိုးသားညီညွှတ် ရေးအစိုးရ(NUG)အောက်က ပညာရေးဝန်ကြီးဌာန မှာလည်းဖော်ပြချက် မရှိပါ။ ကြော်ငြာထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါအကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ စိတ်မချရတဲ့ ဝက်ဘ်ဆိုဒ်တွေဆီကို ဦးတည်သွားတာပြီး ကိုယ်ပိုင်အချက်အလက်တွေကို ရယူဖို့ မျှားခေါ်တဲ့ ဖြစ်စဉ်တခုသာဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

ပြောဆိုချက်- ဧပြီလမှ စတင်ပြီး  ပညာ‌ရေးဝန်ကြီးဌာနက နိုင်ငံတကာအဆင့်မီ အခမဲ့အွန်လိုင်း သင်တန်းတွေပေးနေတယ်

Avatar

Title:Fact Check: ပညာ‌ရေးဝန်ကြီးဌာနက နိုင်ငံတကာအဆင့်မီ အခမဲ့အွန်လိုင်းသင်တန်းတွေ ပေးနေသလား- မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: Insight


Leave a Reply

Your email address will not be published. Required fields are marked *