Fact Check: ပုလဲနယ်က ပဲစင်းငုံတွေ PDF က အဓမ္မရိတ်သိမ်းယူဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

Misleading နိုင်ငံရေး | Politics

ပုလဲနယ်က  ပဲစင်းငုံ ဧက(၁၈၀)ကျော်ကိုပုလဲပဒက်တွေ အဓမ္မရိတ်သိမ်းယူလိုက်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ မူလဖော်ပြချက်အပေါ် နားလည်မှုလွဲစေတဲ့ဖြန့်ဝေမှု တစ်ခုဖြစ်ပါတယ်။

“ဇန်နဝါရီ၁၂

ပုလဲနယ်က  ပဲစင်းငုံ ဧက (၁၈၀)ကျော်ကိုပုလဲပဒက်တွေ အဓမ္မရိတ်သိမ်းယူကြ”လို့ ရေးသားပြီး “Ba Htwar” အမည်နဲ့ ဖေ့စ်ဘွတ်အသုံး ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB link |  Archive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဒီပို့စ်မှာအသုံးပြုဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို လေ့လာကြည့်ရာမှာ “PALE ENTERTAINMENT”ဆိုတဲ့ ရေစာစကားလုံးပါဝင်တာတွေ့ရပါတယ်။ မူလဖော်ပြခဲ့တဲ့ “PALE ENTERTAINMENT”စာမျက်နှာကို ဝင်ရောက်လေ့လာကြည့်ရာမှာတော့ ပုလဲမြို့မှာ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေရှိတဲ့ အင်မထီးပျူစောထီးရွာနားမှာ ဒေသခံတောင်သူတွေက သူတို့ရဲ့ပဲစင်းငုံစိုက်ခင်းတွေရိတ်သိမ်းနိုင်အောင် PDF က ကူညီပေးခဲ့တာလို့ရေးသားဖော်ပြထားပါတယ်။

“PDFတပ်သားများ ကာကွယ်စောင့်ရှောက်မှုဖြင့်

ပျူစောထီးစခန်း ဝန်းကျင်ရှိ ပဲစင်းငုံစိုက်ခင်းများ

လုံခြုံစွာရိတ်သိမ်းနိုင်ခဲ့

ဇန်နဝါရီ 12,2023

အမျိုးသားညီညွတ်ရေးအစိုးရ၊စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တို့၏ စီမံမှုနှင့် NUGကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDFတပ်ရင်းတပ်ဖွဲ့တို့က ကာကွယ်စောင့်ရှောင့်ပေးမှုကြောင့် ပုလဲမြို့နယ်၊အင်မထီးပျူစောထီးရွာ အနီးဝန်းကျင်ရှိ ပဲစင်းငုံစိုက်ခင်းတွေကို

ဒေသခံတောင်သူတွေက ရိတ်သိမ်းနိုင်ခဲ့ပါသည်။

ပဲစင်းငုံစိုက်ခင်း ဧက(၁၈၀)ကျော်ရှိပြီး  27.12.2022 မှ 11.1.2023အတွင်း လုံခြုံအောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့တာ ဖြစ်ပါသည်။

#pale_entertainment”

မူရင်းလင်ခ့် – Pale EntertainmentArchive link  

ပုလဲမြို့နယ်အတွင်းက ပျူစောထီးရွာအနီးမှာ ပဲစင်းငုံရိတ်သိမ်းတဲ့ ပြည်သူတွေကို PDF တွေက လုံခြုံရေး ယူပေးဆိုပြီးတော့လည်း PVTV သတင်းဌာနကလည်းဖော်ပြခဲ့တာတွေ့ရပါတယ်။ တာချီလိတ်သတင်းဌာနက ဖော်ပြချက်ကိုလည်း ဒီမှာကြည့်ပါ။

သုံးသပ်ချက်

 “PALE ENTERTAINMENT”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ မူလဖော်ပြခဲ့တဲ့ဓာတ်ပုံတွေကိုအသုံးပြုပြီး အကြောင်းအရာကို လိုသလို ပြန်လည်ရေးသားဖြန့်ဝေနေတာတွေ့ရပါတယ်။ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေရှိတဲ့ အင်မထီးရွာနားမှာ PDF အစောင့်အရှောက်နဲ့ ဒေသခံတောင်သူ ပဲစင်းငုံရိတ်သိမ်းနေတဲ့ဓာတ်ပုံအဖြစ် မီဒီယာတွေမှာဖော်ပြပါတယ်။

Avatar

Title:Fact Check: ပုလဲနယ်က ပဲစင်းငုံတွေ PDF က အဓမ္မရိတ်သိမ်းယူဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *