Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ သီတဂူဆရာတော်တောင်းဆိုတဲ့ သတင်းတု

နိုင်ငံရေး၊

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ သီတဂူဆရာတော်တောင်းဆိုလိုက်တယ် လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာဟာ သတင်းမှားသာဖြစ်တယ်။ သတင်းမီဒီယာ အချို့မှာဖော်ပြပါရှိပြီး သတင်းတွေကို ကူးယူဖော်ပြပြီး ခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။

“သီတဂူ ပြောရင် အားလုံးဖြစ်တယ် ဒေါ်စုနဲ့ သမ္မတကို လွှတ်ဖို့ ဿီတဂူပြော ခေတ်သစ်ကြေငြာပြီ” (မူရင်းအရေးအသား)။ ဗွီဒီယိုအစမှာ ပြသတဲ့ ဒီစာသားပါတဲ့ ရုပ်သေဓာတ်ပုံမှာ ရန်ကုန်ခေတ်သစ်မီဒီယာ အစီအစဉ်တင်ဆက်သူက သတင်းကြေညာနေတဲ့ ဓာတ်ပုံနဲ့တကွမျှဝေထားတာဖြစ်တယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။ အခု ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာလည်း သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်း ဖြစ်တယ်။ ဗွီဒီယိုထဲမှာ သီတဂူဆရာတော်အကြောင်းလည်းမပါသလို ဒေါ်အောင်ဆန်းစုကြည်ပြန် လည်လွှတ်မြောက် ရေးအတွက် ဒီလို သီတဂူဆရာတော်က တောင်းဆိုတဲ့အကြောင်းလည်း မပါရှိပါဘူး။ သီတဂူဆရာတော်ဟာ စစ်အာဏာသိမ်းခေါင်းဆောင်ကို အကြီးအကျယ်ချီးကျူးသူဖြစ်ပါတယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနကလည်း ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ဗွီဒီယိုထဲမှာ တကယ်တမ်းပါဝင်တဲ့ သတင်းတွေကတော့ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ “မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ဒုက္ခသည်များကို လက်ခံရန် အသင့်ရှိနေဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော”၊ ဧရာဝတီတိုင်းမ်က ဖော်ပြခဲ့တဲ့ ရှေ့တန်းအပို့ခံရမှာကြောက်လို့ ပုသိမ်အခြေစိုက် စစ်ကောင်စီတပ် ၂ ခုမှ တပ်သား ၂၀ ကျော် ထွက်ပြေးနေတဲ့သတင်းနဲ့ တအောင်း တပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ တယ်ဆိုတဲ့ သတင်းတွေ သာပါဝင်တယ်။

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ သီတဂူဆရာတော်တောင်းဆိုတယ်ဆို တာမဟုတ်ပါဘူး။ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြီး လိုအပ်သလို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ သီတဂူဆရာတော်တောင်းဆိုတဲ့ သတင်းတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *