Fact Check: စစ်တပ်နဲ့ဒေါ်စုတွေ့ဆုံညှိနှိုင်းမှုအောင်မြင်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံညှိနှိုင်းခဲ့တာမှာ အောင်မြင်မှုရခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျု့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီလို တွေ့ဆုံမှုနဲ့ ညှိနှိုင်းအောင်မြင်မှုရရှိခဲ့ကြောင်း စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုတယ်လို့လည်း ဆိုပါတယ်။

အောက်ပါစခရင်ရှော့ ဓာတ်ပုံနဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသား ကောက်နုတ် ချက် ဖြစ်တယ်။ 

“Breaking News ဗိုလ်ချုပ်ဇော်မင်းထွန်းအတည်ပြု 

စစ်တပ်နဲ့ဒေါ်စုတွေ့ဆုံညှိနှိုင်းမှုအောင်မြင်

မနက်ဖြန် (၉)နာရီမှ (၁၁)နာရီအထိဒေါ်စုမိန့်ခွန်းပြောမယ်”

C:\Users\User\Downloads\assk.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံညှိနှိုင်းခဲ့တယ်ဆိုတဲ့အကြောင်း သတင်းလုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာဖြစ်စေ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖြစ်စေ ဖော်ပြချက် တစုံတရာ မတွေ့ရပါဘူး။ “MS Story (Myanmar)”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ လုပ်ကြံရေးသား ထားတဲ့ သတင်းခေါင်းစဉ်တု သို့မဟုတ် ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေတပ်ပြီး သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဇွန် ၃ ရက်မှာဖော်ပြခဲ့တဲ့ “မြန်မာနိုင်ငံ၏ အဓိက ရွှေဆိုင်ပိုင်ရှင်နှင့်ရွှေကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ပြီး ၂၁ ဦးကို ဖမ်းဆီးထားမှု ပြည်တွင်းရွှေစျေးကွက် လုံး၀ ပြိုကျပျက်စီးသွား”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်း ဖြစ်တယ်။ သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာကြည့်ပါ။ 

C:\Users\User\Downloads\screenshot-www.facebook.com-2024.06.05-19_37_50.png

သုံးသပ်ချက်

စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံညှိနှိုင်းခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ဒီလိုပဲ စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြား ချက်လည်း မရှိပါဘူး။ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရ ရွှေဆိုင်ပိုင်ရှင် တွေကို ဖမ်းဝရမ်းထုတ်ခံရပြီး ရွှေလုပ်ငန်းရှင် အများအပြား အဖမ်းခံရတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ် ဖြန့်ချိနေခြင်းဖြစ်တယ်။

ပြောဆိုချက်- စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံညှိနှိုင်းမှုအောင်မြင်ကြောင်း စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

Avatar

Title:Fact Check: စစ်တပ်နဲ့ဒေါ်စုတွေ့ဆုံညှိနှိုင်းမှုအောင်မြင်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *