Fact Check: KNLA တပ်မဟာ (၅) မှာ NUG ကငွေအတုထုတ်နေတယ်ဆိုတာ မဟုတ်ပါ

Misleading နိုင်ငံရေး | Politics

KNLA တပ်မဟာ (၅) ဧရိယာအတွင်းမှာ NUG ကငွေစက္ကူအတုတွေထုတ်နေတယ်ဆိုပြီးတော့ ငွေစက္ကူ ရိုက်နေတဲ့ဓာတ်ပုံနဲ့ ကျပ် ၅၀၀၀ နဲ့ ကျပ် ၁၀၀၀ တန်အချို့ကိုဖော်ပြထားတဲ့ ဓာတ်ပုံ ၃ ပုံနဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ သတင်းမှား တစ်ခုသာဖြစ်ပါတယ်။ KNLA တပ်မဟာ ၅ တာဝန်ရှိသူက ဒီသတင်းကို ငြင်းဆိုထားသလို ဓာတ်ပုံတွေဟာလည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ဖြစ်တဲ့ ငွေစက္ကူနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။

လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ပို့စ်ကတော့ အောက်ပါအတိုင်းရေးသားထားပါတယ်။

“တည်နေရာ.KNU.5/7.ဘဲကလော်.ဒုက္ခသည်စခန်း

နိုင်ငံခြားသား(WMS)

ပညာရှင်တွေလက်ရာတွေ

NUG အကြမ်းဖက်များမှ ငွေစက္ကူအတုများထုတ်လုပ်ခြင်းဆောင်ရွက်နေ

NLD ပါတီမှတောခိုပြီး ဒုက္ခရောက်နေသည့် PDFများအား ထောက်ပံ့ရန် ငွေးကြေးလုံးလောက်မှုမရှိသည့်အပြင် အလှုငွေများကောက်ခံရရှိမှုနည်းပါလာသည့်အတွက် ငွေစက္ကူအတုများထုတ်ပြီး မြန်မာ့ငွေကြေးအားဖျက်စီးနေ

အဆိုပါ ငွေကြေးအတုထုတ်လုပ်သည့်နေရာဟာ KNLA တပ်မဟာ (၅) ဧရိယာအတွင်းမှာရှိနေပြီး ငွေစက္ကူအတုများ ဆက်တိုက်ထုတ်လုပ်နေကြောင်း…..” စသည်ဖြင့် ရေးသားပြီး “မြစ် ဖျား ဧရာ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အခြားသောဖေ့စ်ဘွတ်အသုံးပြုသူ အကောင့် ၁၁ ခုကို tag တွဲပြီးမျှဝေထားပါတယ်။

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ငွေတုတွေကို NUG က တပ်မဟာ ၅ မှာ ရိုက်နှိပ်နေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တပ်မဟာ( ၅ )ပြောခွင့်ရရှိသူ ပဒိုမင်းမင်းက မဇ္ဈိမသတင်းဌာနကို ငြင်းဆိုထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – MizzimaArchive link 

ထို့အပြင် အသုံးပြုထားတဲ့ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ Khit Thit Media က တစ်သောင်းတန်နှင့် ငါးထောင်ကျပ်တန် ငွေအတုတွေ ဘီလီယံနဲ့ချီပြီး ဈေးကွက်ထဲမှာ ပျံ့နှံ့နေတယ်ဆိုတဲ့ မတ် ၁၅ ရက်က သတင်းဖော်ပြမှုမှာ ဒီဓာတ်ပုံတွေကို အသုံးပြုထားတာတွေ့ရပါတယ်။ အခုလူမှုကွန်ယက်ပို့စ်ပါ ဓာတ်ပုံတွေဟာ ယင်းသတင်းဖော်ပြမှုအပြီးမှာ ဒီကိစ္စကို စစ်တပ်ထောက်ခံသူတွေ ဘက်ကတန်ပြန်အနေနဲ့ ရေးသားဖြန့်ဝေလာတာဖြစ်ပါတယ်။ 

မူရင်းလင်ခ့် – Khit Thit MediaArchive link 

သုံးသပ်ချက်

ငွေစက္ကူအတုတွေ တပ်မဟာ ၅ မှာ ရိုက်နှိပ်နေတယ်ဆိုတဲ့အချက်ကို တပ်မဟာ ၅ တာဝန်ရှိသူက ငြင်းဆိုထားပြီး ဓာတ်ပုံတွေဟာ Khit Thit Media ကရေးသားတဲ့ ငွေအတုတွေ ဈေးကွက်ထဲ ဘီလီယံနဲ့ချီ ပျံ့နှံ့နေတဲ့ သတင်းက ဓာတ်ပုံတွေကို အသုံးပြုထားပါတယ်။

Avatar

Title:Fact Check: KNLA တပ်မဟာ (၅) မှာ NUG ကငွေအတုထုတ်နေတယ်ဆိုတာ မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *