
အာရကန်ရိုဟင်ဂျာအဖွဲ့(ARU)က အ ေထွ ေထွ ညွှန်ကြားေရးမှူးပါေမာက္ခ ေဒါက်တာဝါကာအူဒင် ဆီကို အမျိုးသားညီညွှတ်ေရးအစိုး(NUG)က အ ေပးအယူလုပ်တဲ့ စာတစ်ေစာင်အဖြစ် ဓာတ်ပုံပို့စ်ကို ေဖ့စ်ဘွတ် အသုံးပြုသူရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။
စာထဲမှာ NUG က သူတို့ကိုေထာက်ခံဖို့ ရိုဟင်ဂျာေတွနဲ့ အ ေပးအယူလုပ်တဲ့အ ေနနဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာပြည်ဖန်တီးေပးမယ်လို့ ေရးသားထားတာဖြစ်ပြီး ပြည်ေထာင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက လက်မှတ်ေရးထားထားပါတယ်။
သို့ေသာ်လည်း စာဟာအတုဖြစ်တယ်လို့ ARU နဲ့ NUG က ငြင်းဆိုထားတာေတွ့ရပါတယ်။
“NUG ကမန်းဝင်းခိုင်သန်းကဝါကာအူဒင်ထံပေးပို့ခဲ့တဲ့စာဟာပေါက်ကြားလာခဲ့ပါပြီ…
ဘင်္ဂလီတွေအတွက်ရခိုင်ဒေသကိုအမိမြေအဖြစ်သတ်မှတ်ပေးမည့်အကြောင်း…ဒီအတွက်ဘင်္ဂလီအဖွဲ့တွေကအထူးသဖြင့်ဝါကာအူဒင်ရဲ့အဖွဲ့တွေက NUG ကိုပံ့ပိုးပေးဖို့နဲ့ US နဲ့EU နိုင်ငံတွေကNUG ကိုမြန်မာပြည်ရဲ့တရားဝင်အစိုးရအဖြစ်ထောက်ခံပေးဖို့….#အာဏာရလာရင်ရခိုင်ဒေသမှာတစ်နှစ်အတွင်းဘင်္ဂလီတွေအတွက်နယ်မြေအဖြစ်သတ်မှတ်ပေးမှာဖြစ်တဲ့အကြောင်းတွေ….
အာဏာရဖို့အတွက်ကိုယ့်ပိုင်နက်နယ်မြေကိုတောင်ရောင်းစားတဲ့….လွတ်လပ်ရေးဆုံးရှူံးအောင်လုပ်နေတဲ့….တိုင်းပြည်ကိုလက် ညှိူးထိုးရောင်းစားနေတဲ့…NUG ဆိုတာ….သူတို့ရဲ့သွားလေသူခေါင်းဆောင်အတိုင်းပါပဲလား.”(မူရင်းအ ေရးအသား)လို့ေရးသားပြီး “Ricky Tan”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ေမ ၈ ရက်မှာမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၉၀၀ ဝန်းကျင်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း ေတွ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အာရကန်ရိုဟင်ဂျာအဖွဲ့(ARU)က အမျိုးသားညီညွှတ်ေရးအစိုးရ(NUG)ဆီက ဒီလိုစာလက်ခံရရှိခြင်းမရှိဘူးလို့ ငြင်းဆိုခဲ့ပြီး အခုလို စာအတု လုပ်ပြီး ဝါဒဖြန့်ချိေရးလှုပ်ရှားမှုလုပ်လာတာကို ရှုတ်ချတယ်လို့ ေမ ၈ ရက်က ထုတ်ပြန်ခဲ့တာေတွ့ရပါတယ်။
ထို့အပြင် NUG ရဲ့ သတင်းဖြန့်ချိေရးဌာနဖြစ်တဲ့ Public Voice Television ကလည်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ လက်မှတ်နဲ့ စာအတုတစ်စောင် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတယ်ဆိုပြီးေတာ့ ေမ ၁၃ ရက်မှာ ထုတ်ပြန်သတိေပးခဲ့တာေတွ့ရပါတယ်။
ဒီထုတ်ပြန်ချက်မှာ “အာရကန်ရိုဟင်ဂျာယူနီယံ ARU အဖွဲ့ရဲ့ director general professor ေဒါက်တာ ဝါကာအူဒင်ဆိုသူထံလိပ်မူထားပြီး ပြည်ေထာင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းလက်မှတ်ပါတဲ့ စာတစ်ေစာင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လူမှုကွန်ယက်စာမျက်နှာေတွဟာ ပျံ့နှံ့ေနခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ေရးသားထားပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်စွဲနဲ့ တပ်ထားတဲ့ ဒီစာပျံ့နှံ့ေနမှုနဲ့ ပတ်သက်လို့ PVTV က ပြည်ေထာင်စုဝန်ကြီးချုပ်ရုံးက တာဝန်ရှိသူေတွထံ ဆက်သွယ်ေမးမြန်းတဲ့အခါ စာအတုဖြစ်တယ်လို့ သိရှိရပါတယ်”လို့ ေဖာ်ပြထားပါတယ်။
မူရင်းလင်ခ့် – PVTV | Archive link
ေဒါက်တာဝါကာအူဒင်ဆီကို ေဒါ်ေအာင်ဆန်းစုကြည်က ေရးတဲ့စာဆိုပြီးေတာ့လည်း ၂၀၁၅ နဲ့ ၂၀၂၀ ေရွးေကာက်ပွဲမတိုင်ခင်က ပျံ့နှံ့ခဲ့ဖူးပြီး Fact Crescendo က အချက်အလက်စိစစ်ခဲ့တာကို ဒီလင့်ခ်မှာ ေလ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အာရကန်ရိုဟင်ဂျာအဖွဲ့(ARU)က အ ေထွ ေထွ ညွှန်ကြားေရးမှူး ပါေမာက္ခ ေဒါက်တာဝါကာအူဒင်ဆီကို အမျိုးသားညီညွှတ်ေရးအစိုး(NUG)က အ ေပးအယူလုပ်တဲ့ စာဟာ အတုဖြစ်တာေတွ့ရပါတယ်။