
လူရွယ်ယောကျ်ားအများအပြား လက်ပြန်ကြိုးတုပ်အဖမ်းဆီးခံထားရတဲ့ ဓာတ်ပုံ ၁ ပုံနဲ့အတူ PDF ၅၇ ယောက် တောင်ဖြူရွာဖမ်းမိတယ်ဆိုတဲ့ ပို့စ် ၁ ပို့စ်ဟာ ဖေ့စ်ဘွတ်အသုံးပြုသူအချို့ကမျှဝေလျှက်ရှိရာမှာ နားလည်မှု လွဲစေနိုင်တာတွေ့ရပါတယ်။ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။
“၅၇ ယောက် ဖမ်းမိ / ၁၆ ယောက်သေ ဖမ်မိတာက #တောင်ဖြူရွာ မှာပါ ပန်းဆက်ရွာ နဲ့ တောင်ဖြူရွာ က မီတာ ၆၀၀၀ ထောင် လောက် ဝေးတယ် ၄ မိုင်ခန့် လောက်ပေါ့ PDF ခေါင်းဆောင် ဗိုလ်သော်ဦး လဲအဖမ်းခံလိုက်ရတယ် ရွာခံတွေ ညီညွတ်မှု ရှိတာရယ် တပ်က ထွက်ပေါက်တွေ ပိတ်ပေးထားလေတော့ ထွက်ပေါက်မဲ့ပြီး လက်နက်ချ အကုန် အဖမ်းခံရရော ဒီလိုသာ စည်းလုံး ညီညွတ်နေရင် PDF ဆိုတာ သင်္ချ ိုင်းကုန်း မှာပဲ နေလို့ရမယ် #မျိုးမင်းဦး”လို့ ရေးသားပြီး “သတင်းမှန်”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက အောက်ပါအတိုင်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
Google မှာ ဓာတ်ပုံကို ပုံရှာနည်းအသုံးပြုပြန်လည်ရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် ဇူလိုင် ၃၀ ရက်ကတည်းက ပျံ့နှံ့နေတာအောက်ပါအတိုင်းတွေ့ရပါတယ်။
ဘီဘီစီသတင်းဌာနအဲ့ဒီအချိန်က “မင်းကင်းမြို့ ပန်းဆက်၊တောင်ဖြူတိုက်ပွဲ ဖြစ်ရပ်မှန်”ဆိုပြီးတော့ တောင်ဖြူရွာ မှာ ဖမ်းဆီးခံရတဲ့ PDF ၅၇ ယောက်နဲ့ PDF အချို့သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်ကို ရေးသားထားတဲ့ သတင်းမှာ ဒီဓာတ်ပုံကိုတွေ့ရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၁ ခုနှစ် မင်းကင်းက စစ်အုပ်စုကိုထောက်ခံတဲ့ ပန်းဆက်ရွာ PDF အဖွဲ့တွေက ဇူလိုင် ၂၈ ရက်ကသွားရောက်တိုက်ခိုက်မှုတိုက်ပွဲအပြီးမှာထောက်ချောက်ဆင် အဖမ်းခံရမှုဖြစ်တာ တွေ့ ရပါတယ်။

မူရင်းလင်ခ့် – BBC | Archive link
ဧရာဝတီသတင်းဌာနနဲ့ ဒီလင့်ခ်မှာလည်း ဒီသတင်းကိုတွေ့ရပါတယ်။
သုံးသပ်ချက်
သတင်းနဲ့ဖြစ်စဉ်ဟာ မှန်ကန်မှုရှိပြီးယခုဓာတ်ပုံထဲက လူရွယ်အမျိုးသားတွေဟာ ၂၀၂၁ ခုနှစ် တောင်ဖြူရွာမှာ ထောင်ချောက်စဉ်ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ PDF တွေရဲ့ ဓာတ်ပုံဖြစ်ပါတယ်

Title:Fact Check: မင်းကင်းမှာ PDF ၅၇ ယောက်ဖမ်းမိတဲ့ သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ
Fact Check By: Zun ZeeResult: Missing Context