Fact Check: ဒလန်တွေစီးလာတဲ့ ဘက်စ်ကားကို PDF တွေ RPG နဲ့ထုတယ်ဆိုတဲ့ သတင်းမှား

False လူမှုရေး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ဒလံတွေစီးလားတဲ့ ဘက်စ်ကားကို ပခုံးထမ်းလောင်ချာ(RPG)နဲ့ မိုင် ၁၀၀ အကွာကနေ ထုလိုက်တဲ့ ဓာတ်ပုံဆိုပြီးတော့ မီးလောင်နေတဲ့အစိမ်း‌ရောင်ဘက်စကားတစ်စီးဓာတ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက မျှဝေလျှက်ရှိပါတယ်။ 

သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာတွေ့ရပြီး ဆီရီးယားနိုင်ငံက ဖြစ်စဉ်တစ်ခုဖြစ်တာတွေ့ရပါတယ်။

 “PDF လူငယ်လေးတွေ အရမ်းကိုစစ်ရေးစွမ်းရည်တွေတက်လာပြီဗျ စကစ ရဲ့ ဒလန်တွေ စီးလာ တဲ့ကားကို မိုင် 100 အကွာ ကနေ RPGနဲ့ လှမ်းထု လိုက်တာ မြင်တဲ့အတိုင်း မွင်းခါးတွေဖြစ်ကုန်ပြီး #အရေးတော်ပုံအောင်ရမည် #Savemyanmar”လို့ ရေးသားပြီး “Kyaw Win Naing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုက  အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်အချို့ကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။

မူရင်းလင်ခ့် – Fb linkArchive link

 အချက်အလက်စိစစ်ချက်

 Google မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလထဲမှာ ဆီရီးယားမှာ မီးရှို့ခံရတဲ့ ကားတွေအဖြစ် မီဒီယာတွေမှာဖော်ပြထားအောက်ပါအတိုင်းဖော်ပြထားတာ တွေ့ရပါတယ်။

“လက်နက်ကိုင်များက ဘက်စ်ကားတွေကို မီးရှို့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးအောင်လုပ်”လို့ ခေါင်းစဉ်တပ်ရေးသားထားတဲ့ The Quint သတင်းဌာနက ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကို သုံးစွဲထားပါတယ်။ ဆီရီးယားနိုင်ငံ အပ်ဒ်လစ်မြို့(Idlib)မှာ ကယ်ဆယ်‌ရေးလုပ်မယ့်ဘက်စ်ကား ၅ စီးကို လက်ကိုင်ထားတဲ့သူတွေက မီးရှို့ခံရတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတဲ့အကြောင်း ရေးသားထားတာဖြစ်ပါတယ်။ 

မူရင်းလင်ခ့် – The QuintArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ  ဓာတ်ပုံဟာ ဆီရီးယားနိုင်ငံမှာ မီးရှို့ခံရတဲ့ ဘက်စ်ကားတစ်စီးရဲ့ ဓာတ်ပုံဖြစ်ပါ တယ်။

Avatar

Title:Fact Check: ဒလန်တွေစီးလာတဲ့ ဘက်စ်ကားကို PDF တွေ RPG နဲ့ထုတယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *